열넷

202 39 8
                                    

၂၀၂၀၆ကိုပြန်ရောက်တဲ့အခါမှာ မင်းရဲ့ အနားမှာရှိနေပြီး မင်းရဲ့သက်ဆိုင်သူအဖြစ်နဲ့ မင်းရဲ့နှဖူးကို နောက်တစ်ကြိမ် ထပ်နမ်းမယ်။
________________________________________
၂၀၂၂ခုနှစ် ၁၂လပိုင်း ၂၅ရက်နေ့ ည ခြောက်နာရီခွဲ

"ဘာတွေ အဲ့လောက်ကြည့်နေတာလဲ ဟမ်"

ပြတင်းမှန်နားမှာ ချောကလက်မတ်ခွက်ကိုင်ရင်း အပြင်သို့ငေးနေသော ကျန်းဟာအိုအား အနောက်မှ သိုင်းဖက်လိုက်ရင်း ခပ်တိုးတိုးကပ်မေးတော့ တစ်ဖက်ကဘာမှပြန်မဖြေလာပါပဲ အပြုံးနုနုတစ်ခုနှင့်သာ တုန့်ပြန်လာ​၏။

"သောက်ဦးမလား"

ဆောင်းဟန်ဘင်းက သူ့ဆီတိုးပေးလာသောခွက်အား ယူလိုက်ပြီး တစ်ငုံငုံလိုက်ကာ

"ပေါင်ပေါင်း သောက်နေကျထက် နည်းနည်းပိုခါးသွားတယ်ရော်"

မတ်ခွက်ကို လက်တစ်လှမ်းအကွာရှိ စင်ပေါ်သို့လှမ်းတင်ကာ ပုံစံမပျက်ဆိုလာသော ဆောင်းဟန်ဘင်း​၏ မျက်နှာအမူအရာကို တစ်ချက်မှမလွတိစေဘဲ မျက်တောင်မခတ်လိုက်ကြည့်နေသည့် ကျန်းဟာအိုကို သတိထားမိသွားတာကြောင့်

"ချောမောမှုတွေပေနေလို့ အဲ့လောက်စိုက်ကြည့်နေတာလားဗျ"

ရွှတ်နောက်နောက်နှင့် ပြောလာသော ဆောင်းဟန်ဘင်း​၏စကားနောက်မှ ကျန်းဟာအိုက မနိုင်ဟန် ခပ်ဖွဖွသာရယ်လာသည်။

"နည်းနည်း"

"ဟင် ဘာက?"

"နည်းနည်းတော့ ပိုခါးတယ်လို့"

"ဟင် အင်း"

ထိုအခါကျမှ ဖျတ်ကနဲဝင်လာသော အသိတရားနှင့်အတူ ဆောင်းဟန်ဘင်းက ကိုယ်ဟာကိုယ်ကျိတ်၍ အပြစ်တင်စကားဆိုလိုက်မိ​၏။

ဆောင်းဟန်ဘင်းဆိုတာ ဘယ်တုန်းကများ ဒါ့ခ်ချိုကို ကိုသောက်ဖူးလို့လဲ။ကျန်းဟာအိုကချော့ပြောရင်တောင် ပတ်ပြေးကာ မျက်နှာရှုံ့မဲ့သွားတတ်တာပေမယ့် အခုမှာတော့ ပုံမှန်ထက်ပင် ပိုခါးသည့် ဒါ့ခ်ချိုကို ကိုမျက်နှာတစ်ချက်မပျက်သည့် သူ့ကြောင့် စူးစမ်းသည့်အရိပ်အယောင်တွေပါဝင်သော အကြည့်နှင့်ကျန်းဟာအိုက အတော်လေးထူးဆန်းသွားပုံပေါ်သည်။

𝘋𝘢𝘳𝘬 𝘛𝘩𝘦𝘰𝘣𝘳𝘰𝘮𝘪𝘯𝘦 𝘶𝘯𝘥𝘦𝘳 𝘵𝘩𝘦 𝘊𝘩𝘳𝘪𝘴𝘵𝘮𝘢𝘴 𝘛𝘳𝘦𝘦 Where stories live. Discover now