374 47 16
                                    

သိပ်ကိုရူးမိုက်လွန်းတယ်ထင်ရပေမယ့် အဆုံးထိ မင်းကိုပွေ့ဖက်ချင်ခဲ့တာ။ရှိုက်သံတစ်ချက်တိုင်း တစ်ချက်တိုင်းမှာ မင်းကိုချစ်မြတ်နိုးမှုတွေက နှလုံးသားထဲပိုပြီး တိုးလို့ တိုးလို့သွားတာ မင်းမှမသိပဲ။
________________________________________
၂၀၂၃ခုနှစ် ၁၂လပိုင်း ၃၁ရက်နေ့ ညကိုးနာရီ ဆယ့်သုံးမိနစ်

ဒီတစ်ခါမှာတော့ သူတို့ရှေ့မှာရှိတဲ့ ချောကလတ်ခွက်နှစ်ခုဟာ ခပ်နွေးနွေးအဆင့်မှ အေးစက်နေသည့် အဖြစ်သို့ပြောင်းလဲသွားခဲ့ပြီဖြစ်သလို နှစ်ခွက်လုံးက နည်းနည်းလေးမျှ ပုံမပျက်သေးပေ။

ငြိမ့်ညောင်းလွန်းလှသည့် ဂန္တဝင်တေးသီချင်းတစ်ပုဒ်က ဆိုင်ထဲတွင်ပျံ့နှံ့လျက်ရှိ​၏။နှစ်သစ်ကူးနေ့ဖြစ်တာမလို့ အချို့က မိသားစုတွေနှင့်အတူ အချို့က သူငယ်ချင်းတွေအုပ်စုဖွဲ့ရင်း အိမ်မှာ ဒါမှမဟုတ် ဆိုင်တစ်ခုမှာ စားသောက်ရင်း နှစ်သစ်ကူးချိန်အား စောင့်မျှော်ကာ ပျော်စရာအချိန်တွေအား ဖန်တီးနေလောက်ပြီဖြစ်တာမလို့ ဤကဲ့သို့ ကော်ဖီဆိုင်သေးသေးလေးဟာ လူရှင်းနေသည်မှာ ပုံမှန်ဖြစ်သည်။

ဆောင်းဟန်ဘင်းက သူ့ဘက်ကမှ စကားမစလျှင် ဤနေ့ညဟာ အတူတူတွေဝေနေရင်း ကုန်ဆုံးတော့မည်မှန်း သိတာကြောင့် အားတင်းကာ စကားစရန်ပြင်​၏။

"ကျွန်တော်.."

ဤအကြိမ်၌တော့ တစ်ဖက်သူဟာ မည်သည်ကိုမျှငေးမနေပါဘဲ မျက်လွှာချထားရင်း ဆောင်းဟန်ဘင်း ဘက်ကအပြောကို စောင့်နေဟန်တူပါသည်။

​အမှန်အတိုင်းဆိုရလျှင် ဆောင်းဟန်ဘင်းက အများကြီးစဉ်းစားထားပြီး လက်မခံချင်ပေမယ့် ဒီဆုံးဖြတ်ချက်ကအမှန်ဖြစ်မည်ဟု ယူဆခဲ့တာကြောင့် သေချာပေါက်ကို ပြောရမည်ဖြစ်သည်။သို့သည့် ခပ်တိုတို စကားတစ်ခွန်းက အသံတစ်ခုအဖြစ်ပြောင်းလဲဖို့ရာ ဆောင်းဟန်ဘင်းအတွက်သိပ်ကို ခက်ခဲလွန်းလှသည်။

​စကားကို မဆက်ဘဲ ရပ်လိုက်ကာ တစ်ဖက်သူဆီသို့ အကဲခတ်မိတော့ မျက်လွှာချထားသည့်တိုင် သူ​၏စကားတွေပေါ်တွင်တော့အာရုံစူးစိုက်ကာ နားထောင်နေဟန်ရှိသည်။

𝘋𝘢𝘳𝘬 𝘛𝘩𝘦𝘰𝘣𝘳𝘰𝘮𝘪𝘯𝘦 𝘶𝘯𝘥𝘦𝘳 𝘵𝘩𝘦 𝘊𝘩𝘳𝘪𝘴𝘵𝘮𝘢𝘴 𝘛𝘳𝘦𝘦 Where stories live. Discover now