မြောက်ဝင်ရိုးစွန်းပြန်ရောက်နေလောက်ပြီဖြစ်တဲ့ ဆန်တာကို အားနာပေမယ့် ခရစ္စမတ်မှာ မတောင်းဖြစ်လိုက်တဲ့ လက်ဆောင်အစား နှစ်ကူးခရစ္စမတ်သစ်ပင်အောက်မှာ အဲ့ဒီသူနှင့် အတူရှိနေသူဟာ နှစ်တိုင်း ဆောင်းဟန်ဘင်းသာလျှင်ဖြစ်ဖို့ တောင်းဆိုပါရစေ။
_______________________________________
၂၀၂၆ခုနှစ် ၁၂လပိုင်း ၃၁ရက်နေ့ ညဆယ်နာရီ သုံးဆယ့်ငါးမိနစ်နှစ်ကူးကိုလူတွေက နေရာမျိုးစုံမှာဖြတ်သန်းလေ့ရှိတယ်။တစ်ချို့က ပျော်စရာကောင်းတဲ့နေရာတွေမှာ တစ်ချို့က ဆေးရုံမှာ တစ်ချို့ကတော့နှစ်ကူးဆိုတာကိုပင် မသိရလောက်အောင် အပူတွေများနေခဲ့တာမျိုးဖြင့်စုံလင်လှသည်။
ဆောင်းဟန်ဘင်းကတော့ နှစ်သစ်ရဲ့ပထမဆုံးနေ့ ဒီနှစ်ရဲ့ ဇန်နဝါရီတစ်ရက်နေ့ကို ဆေးရုံမှာ နိုးထခဲ့သည်။အခုထိမှတ်မိသေးတဲ့ခံစားချက်တွေရယ် ကွက်ကွက်ကွင်းကွင်းကို နှလုံးသားထဲထိ စွဲကျန်နေတဲ့မြင်ကွင်းရယ်။အမှတ်မရှိတဲ့ သူကတော့ မနှစ်က ဒီလိုအချိန်မှာ နှင်းထဲလဲကျနေခဲ့တာတောင် ထိုနေရာကို ပြန်ရောက်လာခဲ့တာပါပဲ။
နိုးနိုးချင်း ပထမဆုံးမြင်လိုက်ရသည့် မျက်နှာကျက်ဖြူဖြူဟာ မရင်းနှီးတာကိုသိနေတာတောင် ဘေးဘက်သို့စူးစမ်းမည့်အစား မျက်လုံးသေများဖြင့် ခပ်တွေတွေငေးနေခဲ့မိသည်။ဘာလုပ်ရမယ်မှန်းကိုပင် မေ့သွားလောက်တဲ့အထိ သူအချိန်အကြာကြီး ထိုအတိုင်းရှိနေခဲ့တာ။
အဲ့ဒီ့နောက်ပိုင်းမှာ ဆောင်းဟန်ဘင်းရဲ့နေ့ရက်တွေဟာ ပုံမှန်အတိုင်းပြန်ဖြစ်ခဲ့ပေမယ့် ပုံမှန်ဖြစ်တယ်ဟု ခေါင်းစဉ်တပ်ရုံသာပါပဲ။
လဲကျသွားသည့်သူ့ဘေးမှာ လူနှစ်ယောက်သာလျှင်ရှိခဲ့တာမလို့ သူ့ကိုဆေးရုံပို့ပေးခဲ့သူတွေကို ခန့်မှနိးလို့ရပါသည်။သူနိုးလာတော့ ဘေးနားမှာ ဘယ်သူမှမရှိပေမယ့် လိုအပ်တာမှန်သမျှ လုပ်ပေးသွားပြီး အိမ်ပြန်ဖို့အတွက်ပါ ကားခေါ်ပေးသည်အထိ အကုန်လုံးလုပ်ပေးသွားခဲ့သူကြောင့် ဆောင်းဟန်ဘင်းက အတွေးများရပါသေးသည်။
တစ်ရုံးတည်းဖြစ်တာမလို့ နေ့တိုင်းမြင်နေရသည့်အခါ အမှတ်မရှိသေးသည့် ဆောင်းဟန်ဘင်းက အဲ့ဒီ့သူဆီသို့ တိုးဝင်ချင်လာပြန်သည်။တစ်ချိန်က တစ်ရုံးလုံးရဲ့ စံပြအတွဲဖြစ်ခဲ့တာမလို့ သူတို့ကိုပြန်အဆင်ပြေချင်သူတွေ၏ မြှောက်ပေးမှုမှာ ဆောင်းဟန်ဘင်းက ထိန်းထားခဲ့သည့် ရင်ခုန်သံတွေကို ထိုသူ့ထံတွင် ပြန်လည်ခစားရန် ဆုံးဖြတ်ခဲ့ပါသည်။
YOU ARE READING
𝘋𝘢𝘳𝘬 𝘛𝘩𝘦𝘰𝘣𝘳𝘰𝘮𝘪𝘯𝘦 𝘶𝘯𝘥𝘦𝘳 𝘵𝘩𝘦 𝘊𝘩𝘳𝘪𝘴𝘵𝘮𝘢𝘴 𝘛𝘳𝘦𝘦
Romanceအချစ်ရယ် ငါ့မှာ တကယ်ကို မင်းတစ်ယောက်တည်းရှိတာပါ။ Binhao/Haobin fanfiction