여덟

228 34 13
                                    

ပထမဆုံး နှစ်ကူးခရစ္စမတ်သစ်ပင်ရယ် ချောကလက်ပူပူရယ် အချစ်တွေရယ် ရိုးရှင်းလွန်းသည့်တိုင်အောင် အလှပဆုံးအချိန်တစ်ခုအဖြစ် မှတ်တမ်းတင်ထားချင်ပါ​၏။
_______________________________________
၂၀၁၈ခုနှစ် ဆယ့်နှစ်လပိုင်း 25ရက်နေ့ ည၈နာရီ ၅၆မိနစ်

ဆောင်းဟန်ဘင်းက တစ်နေကုန် ဆိုဖာပေါ်တွင် ပျင်းတိပျင်းတွဲဖြင့် လှဲလိုက်ထိုင်လိုက်နှင့် ရည်းစားဖြစ်ကာစအတွဲ​၏ ကလူနေမှုများအား မျက်စိနောက်လောက်သည်အထိ မမြင်ချင်ရင်တောင်မှ မြင်ရနေရတာကြောင့် တစ်ရက်မပြည့်သေးတာတောင် အတော်လေးစိတ်ကုန်နေပြီ ဖြစ်သည်။

"ဘယ်တော့မှ ဒီနေရာကထွက်လို့ရမှာလဲ"

ထို့အပြင် ဘာမှမလုပ်ရပါဘဲ တစ်နေကုန် ဆိုဖာပေါ်တွင်မှောက်လိုက် ဘေးစောင်းလိုက် အတွဲကလူတာမမြင်ရအောင်လို့ ကျောပေးပြီး နေလိုက်နှင့် ဆိုဖာပေါ်မှ တစ်လက်မတောင် မရွေ့သည့်ဆောင်းဟန်ဘင်းက အတော်လေးပျင်းနေပြီဖြစ်​၏။

"မဟုတ်မှ တကယ်ကြီးသေသွားပြီး ဝိဉာဉ်လွင့်လာတာများလား မဟုတ်ဘူးလောက်မလား"

ဆိုဖာပေါ်သို့မျက်နှာအား တစ်ဖက်စောင်းကာဖိထားသည်ကြောင့် ပြားနေသည့်ပါးတစ်ဖက်နှင့် ချွန်ထွက်နေသော နှုတ်ခမ်းတွေရယ် လက်တစ်ဖက်အား ကြမ်းပြင်ပေါ်သို့ တွဲလောင်းချထားသည် ဆောင်းဟန်ဘင်း​၏ ပျင်းရိမှုဒီဂရီဟာ အတော်လေးမြင့်မားလှသည်။

ခရစ္စမတ်သစ်ပင်အောက်မှာ ဆင်တူဆွယ်တာဝတ်ပြီး မယ်ရီခရစ္စမတ်ထိုင်လုပ်နေကြသည့် နှစ်ယောက်အား မမြင်ချင်ယောင်ဆောင်လိုက်ပြီးနောက် နာရီအား တစ်ချက်ကြည်လိုက်သည်။

"ရှစ်နာရီ ငါးဆယ့်ရှစ်"

အိလေးစွဲကာရွတ်လိုက်မိပြီးနောက်မှာ ဆောင်းဟန်ဘင်းက မျက်လုံးတွေမှိတ်လိုက်ပြီး  ဒီအတိုင်းအိပ်လိုက်ဖို့သာပြင်လိုက်သည်။

ဘယ်လိုပဲဖြစ်ဖြစ် အိပ်လိုက်တာက အိပ်ရေးဝတယ်မလား။အတွေးတွေများနေခဲ့တာကြာပြီမလို့ ကောင်းကောင်းအိပ်မပျော်တာကကြာပြီမလို့ ဆောင်းဟန်ဘင်းက ခုချိန်မှာတော့ ဘာမှထပ်မတွေးတော့ပဲ အိပ်ပစ်လိုက်ချင်ပြီဖြစ်သည်။

𝘋𝘢𝘳𝘬 𝘛𝘩𝘦𝘰𝘣𝘳𝘰𝘮𝘪𝘯𝘦 𝘶𝘯𝘥𝘦𝘳 𝘵𝘩𝘦 𝘊𝘩𝘳𝘪𝘴𝘵𝘮𝘢𝘴 𝘛𝘳𝘦𝘦 Where stories live. Discover now