တစ်ပတ်ပြန်လည်လာသောအချိန်တွေမှာ ဒုတိယအကြိမ်မြောက်၂၀၂၄ရဲ့ဆောင်းညတွေဟာ သိပ်မြန်လွန်းသည်ဟု ဆောင်းဟန်ဘင်းက မှတ်ချက်ပေးမည်။
________________________________________
၂၀၂၄ခုနှစ် ၁၂လပိုင်း ၂၅ရက်နေ့ မနက် ကိုးနာရီခွဲသက္ကရာဇ်နောက်တစ်ခုသို့ ကူးပြောင်းလာပြန်ပြီဖြစ်သည်။မူလနေရာတွင်သာ စိတ်ရှုပ်စွာရပ်နေမိသည့်ဆောင်းဟန်ဘင်းက မျက်နှာကို လက်နှစ်ဖက်ဖြင့် သပ်ချရင်း သက်ပြင်းမောတစ်ခုကိုသာလျှင်ကြိတ်ချမိတော့သည်။
ခေါင်းထဲမှာ ရှုပ်ထွေးနေသော ကြိုးစတွေဟာ ဘယ်နေရာမှစ၍ ဖြည်ရမှန်းမသိပေမယ့် ဒီအချိန်မှာ သေချာပေါက် ကြိုးတစ်စဆိုတစ်စ ပြေသည့်နေရာရောက်အောင်ဖြစ်ဖြစ် ကြိုးစားဖို့တစ်ခုကသာလျှင် အကောင်းဆုံးဟုထင်မိသည်။
"ဒါဆို လက်ရှိကာလရဲ့ ကျန်းဟာအိုကျမြင်ရပြီး လက်ရှိကာလရဲ့ ဆောင်းဟန်ဘင်းကရော"
နှင်းတွေပေါ်မှာ တုတ်တစ်ချောင်းနှင့်ဟိုခြစ်ဒီခြစ် အမှတ်အသားပြုရင်း ကိုယ်မေးကိုယ်ဖြေလုပ်နေသည့် ဆောင်းဟန်ဘင်း ခေါင်းတစ်ငြိမ့်ငြိမ့်ရယ်။
လမ်းလည်ခေါင်မှာ ထိုင်နေခဲ့တာ အတော်လေးကြာနေပြီဖြစ်သလို ဖြတ်သွားဖြတ်လာအချို့ကပါ အထူးတဆန်းဖြစ်ဟန် လှည့်ကြည့်လှည့်ကြည့်လုပ်လာသည်မလို့ ဆောင်းဟန်ဘင်းက မသိချင်ယောင်ဆောင်ရင်း ထိုနေရာမှ ခပ်သွက်သွက်ထွက်လာမိသည်။
"မှန်နေတာပဲ"
ဆောင်းဟန်ဘင်းက ပိုက်ဆံအိတ်ကို ထုတ်လိုက်ဆော့ ကဒ်တွေ ထွက်လာပေမယ့် ၂၀၂၆ခုနှစ်ကဖြစ်တာကြောင့် သုံးရမရမသေချာသည့်အခါ ကျန်နေသေးသော ဝမ်ငါးသောင်းတန်တစ်ရွက်ရယ် ဝမ်တစ်ထောင်တန်သုံးရွက်ရယ်ကို လက်ထဲဆုပ်ကိုင်လိုက်သည်။
"ဒီလောက်ဆိုရင်ကို မဆိုးပါဘူး"
ဆောာင်းဟန်ဘင်းက အနီးနားဆုံးမှာရှိသော ကော်ဖီဆိုင် တစ်ဆိုင်သို့ ဝင်လိုက်ပြီးနောက် ချောကလက်ပူပူတစ်ခွက်မှာကာ ဝယ်လာသော နုတ်စာအုပ်အသေးလေးရယ် ဘောပင်ရယ်ကို ထုတိလိုက်ပြီးနောက် အချက်အလက်အချို့ကို ချရေးရန်ပြင်သည်။
YOU ARE READING
𝘋𝘢𝘳𝘬 𝘛𝘩𝘦𝘰𝘣𝘳𝘰𝘮𝘪𝘯𝘦 𝘶𝘯𝘥𝘦𝘳 𝘵𝘩𝘦 𝘊𝘩𝘳𝘪𝘴𝘵𝘮𝘢𝘴 𝘛𝘳𝘦𝘦
Romanceအချစ်ရယ် ငါ့မှာ တကယ်ကို မင်းတစ်ယောက်တည်းရှိတာပါ။ Binhao/Haobin fanfiction