열하나

230 39 7
                                    

လွမ်းနေတာမလို့ အများကြီး လွမ်းနေခဲ့တာမလို့ အတိုးချ နမ်းပါရစေ ကျွန်တော့် သီအိုဘရိုမင်းလေးရာ။
________________________________________

၂၀၂၁ခုနှစ် ၁၂လပိုင်း ၂၅ရက်နေ့ မနက် ကိုးနာရီ ရှစ်မိနစ်

ဆောင်းဟန်ဘင်းက ဖုန်းစက်ခရင်ကိုကြည့်ကာ သက်ပြင်းတွေပဲ လှိမ့်ချမိတော့သည်။အဖြစ်အပျက်တွေက တကယ်ကိုလက်ခံဖို့ရာ ခက်ခဲ့လွန်းလှသလို ဒီအတိုင်းကြီး ဘယ်အချိန်ထိ ဆက်သွားရဦးမလဲ ဘာတွေဆက်ဖြစ်မလဲ ဆိုတာက တွေးကြည့်လို့ပင်မရပေ။

သဘာဝလွန်ဖြစ်ရပ်တစ်ခုဟုဆိုသော်လည်း ဝိညာဉ်ဟုအတည်တကျမဟုတ်ပါဘဲ အရင်တစ်ခေါက်မှာ လက်ရှိကာလ​၏ကျန်းဟာအိုက သူ့အား မြင်သွားသည်မှာလည်းသေချာပေမယ့် ဘာကြောင့်လဲ ဆိုတာမသိသလို ဒီတခါရော မြင်နိုင်သေးလား ခဏတာအမြင်မှားတာမျိုးများလားဆိုသော အတွေးတွေနှင့် ရှုပ်ထွေးနေခဲ့ပါ​၏။

"၂၀၂၁"

ဆောင်းဟန်ဘင်းက ခုနှစ်ကိုခပ်တိုးတိုးရေရွတ်လိုက်မိ​၏။ဒီနှစ်ရဲ့ခရစ္စမတ်မှာ ဆောင်းဟန်ဘင်းက ကျန်းဟာအိုနှင့် တနေကုန်အတူမရှိနေခဲ့တဲ့ ပထမဆုံး ခရစ္စမတ်ဖြစ်ခဲ့ပါသည်။

နောက်ဆုံးနှစ်ကျောင်းသားဖြစ်သည့် ဆောင်းဟန်ဘင်းက စင်ကာပူဘက်သို့ အလုပ်အတွေ့အကြုံယူရန်နှင့်အတူ စကော်လာပါရသည့်အတွက် ရှစ်လပိုင်းလောက်ကတည်းက တစ်ဖက်နိုင်ငံသို့ သွားခဲ့သည်ဖြစ်တာကြောင့် ဒီလိုနေ့မျိုးမှာတောင်မှ ပြန်လာဖို့ လုံးဝအကျပ်ရိုက်နေခဲ့သည့်အတွက် ၂၀၂၁ရဲ့ခရစ္စမတ်ဟာ အတူမရှိသည့်ပထမဆုံးခရစ္စမတ်ဖြစ်လာခဲ့သည်။

ပြီးတော့ ကျန်းဟာအိုသည် တစ်ခြားတစ်ယောက်​၏ ရင်ခွင်ထဲမြှုပ်နေခဲ့သည်ကလည်း ဒီနေ့မှာပင်ဖြစ်သည်။ဆောင်းဟန်ဘင်းက ထိုသည်ကိုတွေးမိတော့ သက်ပြင်းချလိုက်မိပြန်သည်။

သက်ပြင်းတစ်ခါချတိုင်း အသက်ခုနှစ်စက္ကန့်တိုသည်ဆိုပါက ဆောင်းဟန်ဘင်း​၏ အချိန်တွေ ဘယ်လောက်များ ကုန်သွားလောက်ပြီလဲ။

"အာ! ခဏနေပါဦး!ဟုတ်တာပဲ"

​ခပ်ဖွဲဖွဲကျနေသော နှင်းမှုန်တွေကိုကြည့်နေရင်းမှာပဲ လက်ကနဲပေါ်လာသော အတွေးကြောင့် ခေါင်းကိုခပ်ဖွဖွထုရိုက်ရင်း ပြုံးလိုက်မိ​၏။

𝘋𝘢𝘳𝘬 𝘛𝘩𝘦𝘰𝘣𝘳𝘰𝘮𝘪𝘯𝘦 𝘶𝘯𝘥𝘦𝘳 𝘵𝘩𝘦 𝘊𝘩𝘳𝘪𝘴𝘵𝘮𝘢𝘴 𝘛𝘳𝘦𝘦 Where stories live. Discover now