ပိုင်ရှင်ကိုပြန်တွေ့လိုက်ရလို့ ပျော်မြူးနေသည့်နှလုံးခုန်သံတွေဟာ သူ့ရင်ဘတ်ထဲကဖြစ်နေတာတောင်မှ ထိန်းချုပ်လို့မရတော့တဲ့အထိ အဲ့ဒီ့လူဆီမှာ တွယ်ငြိနေတာ။
_________________________________________
၂၀၁၉ခုနှစ် ၁၂လပိုင်း ၂၅ရက်နေ့ မနက် ကိုးနာရီ နှစ်ဆယ့်ငါးမိနစ်ဒီတစ်ခါမှာတော့ ဆောင်းဟန်ဘင်းက အရင်အခေါက်တွေလိုမျိုး တိုက်ခန်းဆီသို့ ဦးတည်ရမည့်အစား လမ်းမထက်တွင် လျှောက်သွားနေခဲ့မိသည်။ဒီအတိုင်း ဦးတည်ရာမရှိသွားရင်း ဘေးပတ်ဝန်းကျင်ကိုငေးရင်း။
ရှုပ်ရှက်ခက်နေသော လမ်းလည်ခေါင် တည့်တည့် လူတွေကြားထဲမှာ ဆောင်းဟန်ဘင်းက မတ်တပ်ရပ်နေခဲ့ပေမယ့် မည်သူမျှမမြင်တာကြောင့် အထူးတဆန်းအကြည့်များမရခဲ့ပေ။
မမြင်ရတာသိသည့်တိုင် ဆောင်းဟန်ဘင်းက ခေါင်းမာစွာဖြင့် ဘေးနားရှိလူတွေအား တစ်ယောက်ဆီလိုက်ခေါ်ကြည့်ပေမယ့် ဂရုစိုက်ဖြေကြားမယ့်သူမရှိသည့်အခါ ဆောင်းဟန်ဘင်းကဆူပုတ်ပုတ်ရယ်။
ဘာအတွက်ကြောင့် ဒီအချိန်ကိုပြန်ရောက်လာမှန်းမသိသလို အမျိုးမျိူးလှည့်ပတ်စဉ်းစားကြည့်ပေမယ့် အဖြေထွက်မလာတာကြောင့် နှင်းပုံတွေအား ခြေထောက်ဖြင့်ခတ်မိတော့ နှင်းတွေအားမထိပါဘဲ နှင်းတွေကြားမှ ခြေထောက်ဟာ လေတစ်ခုလိုဖြတ်သွားပြီး လူကသာ ယိုင်သွားခဲ့သည်။
"အာ တကယ်ပဲ"
စိတ်ပျက်စွာရေရွတ်မိသည့်အသံက တိုးသဲ့သဲ့ရယ်နှင့်လေညှင်းနုနုကြား ကွယ်ပျောက်သွားခဲ့သည်။
"ပေါင်ပေါင်း ဒီညကို နမ့်ဆန်းတာဝါဘက်သွားကြမလား"
"ဟင့်အင်း အိမ်မှာပဲ ခရစ္စမတ်သစ်ပင်အောက်ထိုင်မှာ"
နားထဲတိုးဝင်လာသော ရင်းနှီးသည့်အသံနှစ်ခုကြောင့် ဆောင်းဟန်ဘင်းက ပတ်ဝန်းကျင်အား ဝေ့ဝဲရှာမိတော့ လက်တွန်းလှည်းကန်စွန်းဥမီးဖုတ်ဆိုင်ရှေ့တွင် ရပ်နေကြသည့် ဆောင်းပေါက်စနနှင့်ကျန်းအသေးစားလေးအား မြင်လိုက်ရသည်။
"ဒီနှစ်ယောက်ဆီကနေ လွတ်မယ်မထင်ဘူး"
ဆောင်းဟန်ဘင်းက သက်ပြင်းချလိုက်ပြီးနောက် ထိုနှစ်ယောက်နောက်က ခပ်ခွာခွာမှ လိုက်လာရင်း အိမ်ဘက်သို့သာ ပြန်လည်ဦးတည်လိုက်မိသည်။
YOU ARE READING
𝘋𝘢𝘳𝘬 𝘛𝘩𝘦𝘰𝘣𝘳𝘰𝘮𝘪𝘯𝘦 𝘶𝘯𝘥𝘦𝘳 𝘵𝘩𝘦 𝘊𝘩𝘳𝘪𝘴𝘵𝘮𝘢𝘴 𝘛𝘳𝘦𝘦
Romanceအချစ်ရယ် ငါ့မှာ တကယ်ကို မင်းတစ်ယောက်တည်းရှိတာပါ။ Binhao/Haobin fanfiction