열여섯

198 35 6
                                    

မပြောင်းလဲနိုင်တဲ့အတိတ်တွေထဲမှာ တကယ်ကို ဘာတွေက လွဲမှားသွားခဲ့တာလဲ။
_________________________________________
၂၀၂၃ခုနှစ် ၁၂လပိုင်း ၂၅ရက်နေ့ မနက် ကိုးနာရီဆယ့်သုံးမိနစ်

ဆောင်းဟန်ဘင်းက ဒီတစ်ခါမှာ စရောက်လာတည်းက နေရာမှ ချက်ချင်းလှည့်ထွက်ကာ တိုက်ခန်းနှင့်ဝေးရာသို့ ပြေးထွက်ခဲ့မိသည်။

ဒီနှစ်ခြောက်လပိုင်းလောက်တည်းက လက်ရှိကာလ​၏ဆောင်းဟန်ဘင်းဟာ နိုင်ငံသို့ပြန်ရောက်လာသည်မှန်း သိတာကြောင့် သူ​၏ မသေချာမရေရာသော ခန္ဓာကိုယ်အား မြင်ရမှန်းမသိမမြင်ရမှန်းမသိတာကြောင့် ဆောင်းဟန်ဘင်းက ရှောင်ရန်သာရွေးချယ်ခဲ့ခြင်ဖြစ်သည်။

​၂၀၂၃ခုနှစ် ဆောင်းဟန်ဘင်း သိပ်မုန်းတဲ့ဒီနှစ်။သူကိုယ်တိုင်လမ်းခွဲစကားပြောခဲ့တဲ့ နှစ်ဖြစ်လို့  အခူတစ်ခါတော့ နှစ်ယောက်ကြား အဆင်ပြေမည်ဟု ကျိန်းသေအထင်ရှိသည့်တိုင် စိတ်လှုပ်ရှားနေဆဲပင်ဖြစ်သည်။

ခပ်ပြင်းပြင်းမှုတ်ထုတ်မိသော လေငွေ့တွေဟာ ချက်ချင်းပင် လေထုကြား အစရှာမရအောင်ပျောက်ကွယ်သွားပြီဖြစ်​၏။

"မဟုတ်မှ! မဖြစ်နိုင်လောက်ပါဘူး"

လမ်းမထက်တွင် ဦးတည်ရာမရှိ နှေးတိနှေးတုံ့လမ်းလျှောက်နေသော ဆောင်းဟန်ဘင်း​၏ ခြေလှမ်းတွေက ဟိုတွေးဒီတွေး အတွေးတွေကြားထဲ ဖြတ်ကနဲဝင်လာသော အတွေးတစ်ခုနောက်မှာ တုံ့ကနဲ့ရပ်သွားခဲ့သည်။

တခြားအကြောင်းအရာကြောင့်ဆိုရင်ရော။ဒီလတွေအတွင်းမှာ ဖြစ်သွားနိုင်သည့် ကိစ္စတွေရယ် အချိန်တွေက အများကြီးရယ်။

​ယောက်ယက်ခတ်သွားသော အတွေးများကြားထဲတွင်ဆောင်းဟန်ဘင်းက နှုတ်ခမ်းသားကို ပြစ်မှတ်ထား ကိုက်ဆွဲမိသည်။

ဘယ်လိုပဲဖြစ်နေပါစေ ၂၀၂၃မှာ သူတို့နှစ်ယောက်ရဲ့ ကံကြမ္မာက လမ်းခွဲခြင်းဟု အမည်တွင်ပြီးသားပင် ဖြစ်သည်။

"မဟုတ်တာတွေမတွေးနဲ့"

အစတည်းက စိတ်ချလက်ချဟုတ်မနေသည့် ဆောင်းဟန်ဘင်းဆီမှ ထွက်ပေါ်လာသောရယ်သံဟာ အတင်းလုပ်ရယ်ကြောင်းသိသာလှသည်။ထို့အပြင် ခပ်တိုးတိုးရေရွတ်မိတဲ့စကားတွေနှင့် ဆန့်ကျင်သော ခြေလှမ်းတွေဟာ ကော်ဖီဆိုင်ဆီသို့ စတင်ပြေးလွှားရန်ပြင်သည်။

𝘋𝘢𝘳𝘬 𝘛𝘩𝘦𝘰𝘣𝘳𝘰𝘮𝘪𝘯𝘦 𝘶𝘯𝘥𝘦𝘳 𝘵𝘩𝘦 𝘊𝘩𝘳𝘪𝘴𝘵𝘮𝘢𝘴 𝘛𝘳𝘦𝘦 Where stories live. Discover now