217 39 24
                                    

ဆောင်းကိုသဘောကျလာတာလည်း မင်းကြောင့်၊နှင်းတွေကြောင့်ပြုံးမိတာလည်း မင်းကြောင့်၊ ဒီဇင်ဘာကို ချစ်တာကလည်း မင်းကြောင့် ခရစ္စမတ်နေ့တွေနဲ့ နှစ်ကူးရက်တွေကို မြတ်နိုးမိတာကလည်းပဲ မင်းကြောင့်၊ငါ့ခံစားချက်တွေ ဖြစ်တည်မှုအကုန်လုံးက မင်းကြောင့်။မင်းနဲ့အတူရှိတဲ့နေ့ရက်တွေမလို့ မင်းကိုဗဟိုတည်ပြီးမှ တစ်ဆင့်ဖြစ်ထွန်းလာတဲ့ခံစားချက်တွေ။
_______________________________________
၂၀၂၀ခုနှစ် ၁၂လပိုင်း ၂၅ရက်နေ့ ည ရှစ်တစ်နာရီ နှစ်ဆယ့်ငါးမိနစ်

"ဟန်ဘင်းနီး ဖက်ထားတာ လွှတ်ဦး နည်းနည်း"

ပြောကာမှ ခါးကလက်တွေကို ပိုတိုးလို့ဖက်လာကာ ပခူုံပေါ်မေးတင်ရင်း ပါးအားလှမ်းနမ်းလာသူကြောင့် ကျန်းဟာအိုက မနိုင်ဟန် ခေါင်းအသာခါယမ်းလိုက်ရင်း

"ချောကလက်တွေ အေးကုန်တော့မယ်"

"ခန္ဓာကိုယ်ထဲ သီအိုဘရိုမင်းဓာတ်တွေ ချို့တဲ့နေလို့ပါဆို"

ဆောင်းဟန်ဘင်း​၏စကားအား ခပ်ဟဟရယ်ရင်းတစ်ပြိုက်နက်တည်းမှာပဲ ကျန်းဟာအိုက မသိချင်ယောင်ဆောင်ကာ

"ဒါ့ခ်ချိုကိုစားမလား ဘူးသွားယူပေးမယ်လေ"

"ဟင့်အင်း ကျွန်တော်လိုနေတဲ့ သီအိုဘရိုမင်းဓာတ်က ပေါင်ပေါင်းဆီမှာပဲရှိတာ"

ဆောင်းဟန်ဘင်းကပြောရင်း လည်ပင်းနားသို့ တိုးဝှေ့ကာ ခပ်ဖွဖွနမ်းလာတော့ ကျန်းဟာအို​၏ နားရွက်ဖျားတွေက နီရဲလာပြီး မျက်နှာတစ်ခုလုံးက ပူတက်လာသလိုခံစားလိုက်ရသည်။

ဒီကလေးကတော့!

"တကယ်ကို သီအိုဘရိုမင်းတွေက ပေါင်ပေါင်းရဲ့ တစ်ကိုယ့်လုံးစိမ့်ဝင်နေတာ သိလား"

လည်တိုင်ကို တရှုံ့ရှုံနမ်းရင်း ပြောလာတာကြောင့် နီးကပ်နေတဲ့အနေအထားမှာ အာငွေ့တွေဟာ အသားကိုတိုက်ရိုက်လာရိုက်ခတ်သည်။

"ဟင်လို့"

ပုံမှန်ထက်ကိုပို၍ ဩရှရှဖြစ်နေသည့်အသံဟာ ဆွဲဆောင်မှုအပြည့်ရယ်။နားရွက်နားသို့တရွေ့ရွေ့တိုးကပ်လာပြီး ခပ်နွေးနွေးလေအချို့ဟာ နားစည်ထဲအထိတိုးဝင်လာသလိုမျိုး ခံစားလိုက်ရတာကြောင့် ကျန်းဟာအိုကကြက်သီးတွေထလာကာ လန့်သွားတာကြောင့် ခန္ဓာကိုယ်က အနညငယ်တုန်တက်သွားသည်။

𝘋𝘢𝘳𝘬 𝘛𝘩𝘦𝘰𝘣𝘳𝘰𝘮𝘪𝘯𝘦 𝘶𝘯𝘥𝘦𝘳 𝘵𝘩𝘦 𝘊𝘩𝘳𝘪𝘴𝘵𝘮𝘢𝘴 𝘛𝘳𝘦𝘦 Where stories live. Discover now