စက္ကန့်လက်တံတစ်ခု၏ ရွေ့လျားမှုကအစပြုခြင်းဟူ၍ ခေါင်းစဉ်တပ်ရမည်လား။
_______________________________________
၂၀၂၆,၁၂လပိုင်း ၃၁ရက်နေ့ ညဆယ့်တစ်နာရီ နှစ်ဆယ့်ငါးမိနစ်အခုနကမှ ဆံပင်ညှပ်လာတာကြောင့် ဆောင်းဟန်ဘင်း၏ ရှင်းလင်းနေသည့် မျက်နှာနုနုက ရှင်းလင်းစွာပေါ်လာသည်။အနည်းငယ်တိုသွားသည့်ဆံပင်တွေရယ် အရင်ကလို ခပ်အုပ်အုပ်ချထားတာမျိုးမဟုတ်ဘဲ ဆန့်ကျင်ဘက်အနေနဲ့ ဆံပင်တွေအကုန်ကိုလှန်တင်ထားတာက ဆောင်းဟန်ဘင်းနှင့် သိပ်လိုက်ဖက်လွန်းလှသည်။
အိမ်ကထွက်လာသည့် အဝတ်အစားပင်မဟူတ်တော့သည့် ဆောင်းဟန်ဘင်းက ကဒ်ထဲမှ အတော်လေးပင် ထွက်သွားခဲ့ပေမယ့် အဲ့ဒီ့အတွက် သိပ်တော့ ဂရုမထားမိပါဘူး။
အနက်ရောင်လည်ပိတ်ဆွဲတာကို ဂျင်းဘောင်းဘီထဲထည့်ဝတ်ထားပြီး ပဲနိစေ့အညိုရောင် လောင်းကုတ်အားထပ်ဝတ်ထားကာ လည်ပင်းရှိ သဲမှုန်တွေကဲ့သို့ အညိုဖျော့ရောင်ရှိသည့် မာဖလာဟာ ပနံသင့်လွန်းလှပြီး ဆောင်းဟန်ဘင်း၏ ဆွဲဆောင််မှုကိုပိုလို့ ထင်ပေါ်စေသည်။
ပိုလို့မှောင်လာသည့်အခါ ဆောင်းည၏ အချမ်းဓာတ်က တဖြည်းဖြည်းကဲလာသည်။စိမ့်လာသည့်အအေးဓာတ်ကိုပြေလိုပြေညား ဆောင်းဟန်ဘင်းက ပါးစပ်ထဲမှလေငွေ့တွေကိုမှုတ်ထုတ်လိုက်မိပြန်သည်။
အတိတ်၏မြင်ကွင်းတွေက တရိပ်ရိပ်ကုန်သွားတဲ့နောက်မှာတော့ ဆောင်းဟန်ဘင်းက အတွေးတွေရပ်လိုက်ပြီး ဗလာကျင်းသွားသည့် ဦးနှောက်ကို အနားပေးလိုက်၏။
လမ်းမထက်ဟာ အကောင်ပလောင်များ၏ အော်သံသေးသေးလေးပင်မကြားရလောက်အောင်အထိ ငြိမ်သက်လျက်ရှိသည်။တချောက်ချောက်မြည်နေသည့် စက္ကန့်လက်တံတွေဟာ ပုံမှန်အတိုင်းရွေ့လျားလျက်ရှိသည်။
နာရီလက်တံသံတွေဟာ နားစည်သို့ ကပ်ကာမြည်နေသလိုမျိုး တိုးဝင်လာတာကြောင့် ဆောင်းဟန်ဘင်းက မျက်မှောက်ကျုံ့လိုက်ပြီး အိတ်ကပ်ထဲတွင်ထည့်ထားသော လက်အားအပြင်သို့ထုတ်လိုက်ပြီး ညာဘက်လက်ခုံပေါ်ရှိ နာရီပေါ်သို့အကြည့်ပို့လိုက်မိသည်။
YOU ARE READING
𝘋𝘢𝘳𝘬 𝘛𝘩𝘦𝘰𝘣𝘳𝘰𝘮𝘪𝘯𝘦 𝘶𝘯𝘥𝘦𝘳 𝘵𝘩𝘦 𝘊𝘩𝘳𝘪𝘴𝘵𝘮𝘢𝘴 𝘛𝘳𝘦𝘦
Romanceအချစ်ရယ် ငါ့မှာ တကယ်ကို မင်းတစ်ယောက်တည်းရှိတာပါ။ Binhao/Haobin fanfiction