𝐬𝐡𝐚𝐝𝐞𝐬 𝐨𝐟 𝐕𝐚𝐧𝐜𝐨𝐮𝐯𝐞𝐫 𝟏

1.2K 101 35
                                    

📍- Vancouver International Airport

Luggage အမည်းတစ်အိတ်ကိုင်ကာ လျှောက်လာတဲ့
ကောင်လေးတယောက်၊ ဒီနေ့မှ သူမတူအောင်
ကြည့်ကောင်းနေလိုက်တာများ၊ style pant အမည်းနဲ့
Hoodie တထည်သာရိုးရိုးရှင်းရှင်းဝတ်လာ
သော်လည်းတပ်လာတဲ့
နေကာမျက်မှန်ကို ခဏဖယ်လိုက်တော့
ကြည့်ကောင်းလိုက်တဲ့မျက်နှာ၊
လူသိများတဲ့ထဲကတယောက်ဖြစ်တာမို့
Mask ကတော့ချွတ်မရ သို့ပေမယ့်
မျက်မှန်းတန်းမိတဲ့လူကတော့ Brian မှန်း
တန်းသိနိုင်သည်၊
ပျိုတိုင်းကြိုက်တဲ့
နှင်းဆီခိုင် rapper လေးကတော့ ဒီနှစ်နွေရာသီမှ
အကြောင်းကိစ္စတခုကြောင့်Vancouver ကို
၁ လအလည်လာဖို့ဖြစ်လာခဲ့သည်။

ကိုရီးယားလေထုနဲ့မတူတဲ့ကနေဒါရဲ့
အနေအထားက သူ့အတွက်တော့
အထူးအဆန်းပြန်ဖြစ်သွားတာတော့အမှန်၊
ခဏကြာတော့ Taxi တစီးနဲ့အတူ
ရစ်ခီပို့ထားတဲ့ location အတိုင်း
သူငယ်ချင်းရှိရာကို ထွက်လာဖို့ဟန်ပြင်သည်၊
အနားတဝိုက်မှာ ph camera တချို့နဲ့
လှမ်းရိုက်နေတဲ့ကောင်မလေးတစုကိုတွေ့တယ်
ဒါကသူ့fan တွေဖြစ်နိုင်တယ်လို့ယူဆတာမို့
လက်တချက်ဝှေ့ယမ်းပြပြီး နှုတ်ဆက်ကာ
လာမယ့်လမ်းအတိုင်းထွက်လာခဲ့သည်၊

"ဟူးးးး နောက်ဆုံးတော့ပြန်လာခဲ့ရပြန်ပြီ Vancouver"

______

"Rapper Brian Park နဲ့ model Arin Kim တို့ရဲ့ နှစ်တာ relationship ကအပြီးတိုင်ပြတ်ဆဲသွားပါပြီ"

"ဟင် ဘာတွေလည်း"

SNSသုံးနေရင်း
မြင်လိုက်ရတဲ့ ခေါင်းစည်းသတင်းတခုက
ရစ်ခီ့ကိုအလန့်တကြား
ဖြစ်သွားစေသည်၊
သူ့သူငယ်ချင်းဘာတွေလုပ်လိုက်
ပြန်ပြီလည်း၊ ဟိုတနေ့ကမှ Vancouver
တစ်လလာမယ် ဆိုပြီး စာမလာသတင်းမကြားနဲ့၊ ဟော အခုကြတော့ ရည်းစားနဲ့ကောက်ခါ
ငင်ခါကြီးပြတ်သွားပြီ၊
Cmt တွေကိုလိုက်ဖတ်ရင်း ရစ်ခီ့မှာတော့
သက်ပြင်းသာချမိပါတော့တယ်၊
-Arin single ပြန်ဖြစ်ပြီ
-တကယ်ကြီးပြတ်သွားတာလား ပြီး ပြန်တွဲကြမယ့်ဟာ
-နူးနားကို single အဖြစ်ပြန်တွေ့ရတော့မယ်
-ဘရိုက်ယန်ကအစထဲက cheat တာတဲ့
-ငါ့နူးနားသနားပါတယ် အများကြီးတောက်ပလိုက်
-Brian ကိုလည်းသဘောကျပေမယ့် ဒီကိစ္စမှာနည်းနည်းစိတ်ဆိုးတယ်

NEXT DOOR (Gunthew)Where stories live. Discover now