𝐬𝐡𝐚𝐝𝐞𝐬 𝐨𝐟 𝐕𝐚𝐧𝐜𝐨𝐮𝐯𝐞𝐫 𝟏𝟔

386 50 6
                                    

"မက်သရူးနဲ့ သူနဲ့ကဘာတွေလည်းလို့ကိုယ်မေးနေတယ်လေကွာ ဖြေလေ"

"ဂွန်းနုဂီး.....ဒီစကားပြောရတာအားနာပေမယ့်
ကျွန်တော်နဲ့ဂွန်းနုဆက်ဆံရေးက
သူငယ်ချင်းမိတ်ဆွေထက်မပ်ိုဘူးလေ
နောက်ပြီး
ကျွန်တော်နဲ့ သူနဲ့က ချစ်သူရည်းစားတွေမလို့
ဖြစ်နိုင်ရင် ကျွန်တော်နဲ့ပတ်သတ်ပြီး
အပြုအမူတွေဆင်ခြင်ပေးရင်ကောင်းမယ်
ကျွန်တော့်ကောင်လေးသိရင်ကြိုက်မှာမဟုတ်ဘူး"

ပြောရမယ့်စကားတွေကို ကုန်စင်အောင်ပြောသွားပြီး
ဂွန်းဝုဘယ်လိုဖြစ်သွားမလည်းဆိုတာတချက်လေးတောင်မမေးပါရက် ပြတ်ပြတ်သားသား
လှည့်ထွက်သွားတဲ့ မက်သရူးကိုကြည့်ရင်း
ဂွန်းဝုမှာ ဘာစကားတစ်ခွန်းမှပြောမထွက်နိုင်ခဲ့ပါ၊
ဆွံ့အခြင်းတွေနဲ့အတူ
မက်သရူးကိုမေးချင်တဲ့မေးခွန်း
များစွာရှိနေပေမယ့်
ဒါတွေလည်းဘယ်လိုပြောထွက်
ရမှန်းမသိလောက်အောင်
ဂွန်းဝုအတွက်စိတ်ရှုပ်ထွေးလွန်းနေပြီ၊
လှည့်ထွက်သွားမှာကြောက်လို့
မက်သရူးရဲ့လက်ကောက်ဝတ်ကို
တင်းကြပ်စွာဆွဲထားမိတဲ့
လက်တစ်ဖက်ကိုလည်း
ဒီတိုင်းအသာလေးဆွဲဖြုတ်လိုက်ရင်း
ကျောခိုင်းထွက်ခွါသွားဖို့လုပ်နေတဲ့မက်သရူးကို
မထားခဲ့ပါနဲ့လို့မတားရက်ခဲ့တော့ဘူး၊
ဒီတိုင်းနောင်တတွေနဲ့အတူ...လှည့်ပြန်သွားတဲ့
မက်သရူးကိုကျောပြင်ကိုသာငေးကြည့်ရင်း
ကျန်နေခဲ့တဲ့ဂွန်းဝု၊


"မက်သရူး...မဟုတ်ဘူးလေ ဘာလို့လည်း....
ဘာလို့လည်း"

ရုတ်တရက် အိပ်ရာကနေ လန့်နိုးလာတဲ့ဂွန်းဝုမှာ
ချွေးသီးချွေးပေါက်တွေနဲ့အတူ
စိုးရိမ်စိတ်တစ်ပိုင်းတစနဲ့၊ စက္ကန့်ပိုင်းလောက်ကြာပြီး
သတိပြန်ကပ်တော့မှ ဒါက လက်တွေ့မဟုတ်ဘဲ
အိမ်မက်ဖြစ်နေတာမို့ သက်ပြင်းတစ်ချက်ချမိသည်၊
ကုတင်ဘေးမှာတင်ထားတဲ့ ရေဗူးကိုယူလိုက်ပြီး
ရေတစ်ချိုက်မော့သောက်လိုက်ရင်း နာရီကို
ကြည့်လိုက်တော့ ၁၀ နာရီခွဲ၊
မှတ်မိသလောက်တော့
ညတုန်းက သူတော်တော်နဲ့အိပ်မပျော်ခဲ့ပါ၊
ဘာရယ်ကြောင့်မှန်းမသိပေမယ့် ဂွန်းဝုရဲ့မသိစိတ်က
စိုးထိပ်မှုတွေက သူ့အိမ်မက်ထဲထိ စွဲပါလာလောက်အောင် ဂွန်းဝု အတွေးလွန်နေစေခဲ့တာ၊

NEXT DOOR (Gunthew)Where stories live. Discover now