𝐬𝐡𝐚𝐝𝐞𝐬 𝐨𝐟 𝐕𝐚𝐧𝐜𝐨𝐮𝐯𝐞𝐫 𝟏𝟑

361 51 3
                                    









"ဒီလောက်ဆို အဆင်ပြေပြီလား Alyssa"

"ဝါးးးး ဒါတင် တော်တော်မိုက်နေပြီလေ
တကယ် တကယ် သဘောကျတယ်ငါတော့
မက်သရူး နင်ဒီညတင်မှာမလား

ဒီကောင်လေး ကတော့နော်
ရည်းစားမဟုတ်တဲ့ရည်းစားလေးကို
ပြချင်ဇောနဲ့ ရိုက်လိုက်တာကို
ဒါလည်း ထပ်ပြီးtrend ဖြစ်သွားဦးမယ်ထင်တယ်"

Alyssa ပြောလိုက်တော့ ရယ်ကျဲကျဲလေး
ဖြစ်သွားတဲ့မက်သရူး ကဒီ ig reel ကိုဂွန်းဝုသာ
မြင်သွားရင် ဘယ်လိုတုန့်ပြန်မလည်းဆိုတာကို
တွေးပြီး သဘောတကျကျနဲ့ ကျေနပ်လို့နေတာ၊

မက်သရူးဒီနေ့
ဂွန်းဝုရဲ့ ထွက်ဖူးသမျှသီချင်းတွေထဲမှာမှ
သူအကြိုက်ဆုံးသီချင်းကိုရွေးပြီး
TikTok မှာတင်ဖို့ choreograph ပါ
သေချာပြင်ဆင်ထားသည်၊
ဂွန်းဝုကိုဘာမှပြောချင်းမရှိဘဲ တင်ပြီးမှ
Surprise ဖြစ်သွားစေချင်တာမို့
တစ်ယောက်ထဲ တမနက်ခင်းလုံးတိတ်တိတ်လေး
ပြင်ဆင်နေတာ၊
Anniversary date ရယ်လို့ ရက်တိတိကျကျ
သတ်မှတ်လို့ရတဲ့ ဆက်ဆံရေးတစ်ခုမဟုတ်ပေမယ့်
ဒီ ဟိုမရောက် ဒီမရောက် အခြေအနေမှာတင်
ဂွန်းဝုနားမှာ ရှိနေရတာလေးကို မက်သရူး
ခုံမင်မိသည်၊ ဂွန်းဝုကတော့ ဘယ်လိုမှတ်ထားလည်း
မသိပေမယ့် ဂွန်းဝုနဲ့ပတ်သတ်ရင်
အသေးစိတ်မှတ်ထားတတ်တဲ့မက်သရူးကတော့
ဒီနေ့ သူတို့ poor partyမှာ စတွေ့တာ ၂ လပြည့်ပြီမလို့
ဂွန်းဝုသီချင်းကိုchoreographလုပ်ပြီး
တင်ဖို့စဉ်းစားထားတာ၊

Andrew ရိုက်ပေးထားတဲ့video တွေကို
အသေးစိတ်ကြည့်ပြီး အဆင်အပြေဆုံး
Video ကိုရွေးထုတ်လိုက်ပြီးနောက်မှာတော့
တင်ရမယ့် video လေးက အသင့်ဖြစ်လို့နေပြီ၊
ဂွန်းဝုကတော့ မနက်ကစာပို့ထားတယ်
💬 "Wish me luck babe
ကိုယ်အရေးကြီးအလုပ်ကိစ္စတစ်ခုဖြတ်ပြီးမှ
ပြန်လာရမှာ ညနေမှ တွေ့ကြမယ်နော် "တဲ့

သူ ဒီမနက်တင်လိုက်ရင် ညနေလောက်တော့
ဂွန်းဝုကျိန်းသေပေါက်မြင်မှာဘဲ၊ ဘာကိစ္စမှန်းတော့
ဂွန်းဝုဘက်ကအတိအကျမပြောပေမယ့်
အရေးကြီးအလုပ်ကိစ္စရှိတာလို့
ယူဆတာမို့ ဂွန်းဝု အကောင်းဆုံးလုပ်နိုင်မှာပါ
လို့သာ စိတ်ထဲက တိုးတိုးလေး
ဆုတောင်းပေးနေသည်၊ အနည်းဆုံးတော့
ပင်ပင်ပန်းပန်းပြန်လာတဲ့ ဂွန်းဝုဖို့
သူ့dance video လေးက အမောပြေပြီး
စိတ်ချမ်းသာသွားမှာဆိုတဲ့အတွေးနဲ့တင်
မက်သရူးကပျော်လို့။

NEXT DOOR (Gunthew)Where stories live. Discover now