𝐒𝐡𝐚𝐝𝐞𝐬 𝐨𝐟 𝐕𝐚𝐧𝐜𝐨𝐮𝐯𝐞𝐫 𝟐𝟒

284 48 8
                                    

မက်သရူးအတွက်လည်းထိုနေ့ကကိစ္စအတွက်
အများကြီးစိတ်ထဲထိပ်လန့်သွားသလို သူကိုယ်တိုင်လည်း လက်လွန်သွားမိသလိုခံစားရတယ်၊
ထိုအချိန်မှာသူ့အတွက် ဒေါသထွက်သင့်တာလည်း
မှန်သလို ဒီ့ထက်ပိုပြီး ကိုယ်ထိလက်ရောက်ပါသွား
နိုင်တာသိပေမယ့် တဖက်ကတွေးလိုက်ပြန်တော့
လည်း လူသိသွားပြီး အုန်းအုန်းကြွကြွဖြစ်ကုန်မှာကို
စိုးရိမ်တာကတပိုင်း၊ ဂွန်းဝုတကယ်ကြီး နာသွားမလား
ဆိုတာကို သူမစိုးရိမ်ဘူးလို့သူ့စိတ်သူညာမရတာက
လည်းတစ်ပိုင်းမို့ ခက်လှချည်ရဲ့။


အမှန်တိုင်းဝန်ခံရရင် စိတ်ပူပါသည်၊
တောင်းပန်စရာမလိုမှန်းသိပေမယ့်
တောင်းပန်ချင်တဲ့စိတ်တောင်ဖြစ်မိနေတာမို့
သူ့ဘာသူလည်း တော်တော်ကြီး
စိတ်ရှုပ်ထွေးနေမိတယ်၊
နည်းနည်းစိတ်ထိန်းပြီး အပြောနဲ့ဖြေရှင်းခဲ့မိရင်
ကောင်းမှာ၊ အခုတော့လက်လွန်သွားပြီလေ
သည်လိုဖြည့်တွေးရအောင်လည်းအဲ့တုန်းက
Backstage အနောက်ခြမ်းမှာ သူ့ကို
အတင်းကြပ်ဖက်ထားတဲ့ ဂွန်းဝုက ချော့ပြောမရ
ချောက်ပြောမရခဲ့ပဲ ဇွတ်အတင်းမလွှတ်ခဲ့ပြန်တာကိုး။


ပိုဆိုးတာက အဲ့နေ့Waterbomb က video clipတွေအပြင် သူနဲ့ဂွန်းဝုရဲ့ သတင်းတွေက တစ်ခါပြန်
လာပြောများလာပြန်ပြီး ဂွန်းဝုရဲ့
"The boy i met from Vancouver"ဆိုတဲ့ သီချင်းtitle နဲ့ စာသားတစ်ကြောင်းကြောင့်
ဒါကကျိန်းသေပေါက် မက်သရူးကိုဆိုထားတာဆိုပြီး
Twitterမှာလည်း ဆက်တိုက်တတ်လာပြန်တဲ့
အတွက် အခြေအနေတွေက ထင်တာထက်ပိုပြီး
မက်သရူးနဲ့ ဂွန်းဝုရဲ့ဆက်ဆံရေးကိုရိုက်ခတ်
လာပြန်တယ်။

ဘာမှလည်းပြန်မတွေးချင်တော့တာမို့
သူတည်းတဲ့hotel မှာပဲ အေးအေးလူလူနားနေတဲ့
မက်သရူးက ဖုန်းသုံးနေတာလည်းရပ်လိုက်တယ်၊
မကြာခင် တစ်ပတ်လောက်ဆိုလည်း ဗန်ကူးဗားကို
ပြန်ရတော့မှာမလို့ ဘာမှလည်း
သိပ်မဖြေရှင်းချင်တော့ဘူး၊ ဘီယာဗူးတစ်ဗူးကို
ယူပြီးလက်တစ်ဖက်ထဲနဲ့ အမြန်ဖွင့်လိုက်တဲ့
မက်သရူးရဲ့ ပုံစံက တော်တော်ဆွဲဆောင်မှု
ပြင်းလွန်းတာမို့ တော်တန်လူဆိုသူစိတ်ရှူပ်နေရတာတွေတောင်သတိထားမိမှာမဟုတ်ဘူး၊ သူ့မျက်နှာမှာ
သိပ်မှမဖော်ပြတာကိုး၊ ဘီယာကို အေးဆေးသောက်
နေရင်း ဘာမှမတွေးပဲ ထိုင်နေတုန်း ၊ ဖုန်းမသုံးချင်တဲ့
သူ့ကို နားနားနေနေ မသုံးခွင့်မပေးဘူးထင်ပါရဲ့၊
Video call noti ဝင်လာတာမလို့ ဘယ်သူလည်းလို့
ကြည့်လိုက်တော့ Alyssa ဖြစ်နေတာမလို့
ဖုန်းချဖို့မတွေးတော့ပဲ ကိုင်လိုက်တယ်၊
နောက်ပြီး တခြားလူထပ်စာရင် သူ့သူငယ်ချင်း
ဆိုတော့ သူစိတ်ရှုပ်နေတာတွေလည်း
အကုန်ရင်ဖွင့်လိုက်ရင်ပေါ့သွားမယ်လို့
မက်သရူးထင်တယ်လေ။

NEXT DOOR (Gunthew)Where stories live. Discover now