𝐬𝐡𝐚𝐝𝐞𝐬 𝐨𝐟 𝐕𝐚𝐧𝐜𝐨𝐮𝐯𝐞𝐫 𝟓

474 66 22
                                    

ရစ်ခီရဲ့အိမ်လေးကို ဂွန်းဝုရောက်လာပေမယ့်
သူငယ်ချင်း ၂ ယောက်လုံးက
မီးဖိုချောင်ဝင် ချက်ပြုတ်လေ့မရှိတာမို့
delivery မှာစားရင်းနဲ့သာ
မနက်စာကိုဖြေရှင်းလေ့ရှိတယ်၊
တချို့ရက်တွေကတော့ မနက်စာမဖြည့်တင်းဘဲ
ရုံးသွားတတ်တာမျိုး၊ ဒါမယ့် ထယ်ရယ်ရောက်လာပြီ
ဆိုထဲက အိမ်အနေအထားက အရင်နဲ့မတူတော့ပေ၊
အိမ်မှာဆို အစ်မဖြစ်သူနဲ့တူတူ အိမ်မှုကိစ္စတွေ
နိုင်နင်းတဲ့လူမို့ မနက်အစောထပြီး တအိမ်လုံး
မနက်စာစားဖို့ ပြင်ဆင်ပေးနေပြီ၊

ထယ်ရယ့်မှာ မနက် ၆ နာရီခွဲထဲက နိုးနေပေမယ့်
ဘေးမှာတူတူအိပ်တဲ့ ချစ်ရသူရစ်ခီကတော့
အခုထိအိပ်မောကျတုန်း၊ ထယ်ရယ်လည်း
ရစ်ခီအလုပ်ပင်ပန်းတာနဲ့အိပ်ရေးဝအောင် မနှိုးသေးဘဲ မီးဖိုချောင်ထဲ စားဖို့သောက်ဖို့ ရှိတာလေးတွေ
ရှာဖွေရင်း ပြင်ဆင်ဖို့အလုပ်ရှုပ်နေတော့တာ၊
ပေါင်မုန့်အနည်းငယ်တွေ့တော့ sandwich လုပ်ကျွေးဖို့အကြံရလာတယ် ပြီးတော့ ကော်ဖီဖျော်မယ်ပေါ့
ခဏလည်းကြာပြီးရော ၃ ယောက်စာပြင်ဆင်လို့
ပြီးခါနီးမှ အိမ်အောက်ကိုဆင်းလာတဲ့ဂွန်းဝု၊

"ထယ်ရယ်ဟျောင်း အစောကြီးနိုးနေပါ့လား"

"ငါအစောကြီးနိုးတာကိုအထူးအဆန်းလုပ်နေတယ်
အရင်ကလည်း ဒီတိုင်းဘဲဟာကို
ဒါနဲ့မျက်နှာသစ်ပြီးလား ဂွန်းဝု လာလေ
မနက်စာစားလို့ရပြီ
ရစ်ခီကတော့မနိုးသေးဘူး"

ပြောနေရင်းနာရီကိုငေးကြည့်လိုက်တော့ ၇ နာရီ
၄၅ ၊ အိပ်မောကျနေလို့မနှိုးရက်ပေမယ့်
ဒီနေ့က သူတို့အတူတူ ထယ်ရယ့်အန်တီ့အိမ်သွားဖို့
စီစဉ်ထားတာမို့ ၈နာရီ ထိုးရင် သွားနှိုးမှကို
ရတော့မှာ


"ရစ်ခီခုထိ မနိုးသေးဘူးလား
ပိတ်ရက်မို့ အိပ်မောကျနေတာထင်တယ်"

"ဂွန်းဝု စားချင်စားထားနှင့်တော့နော်
ငါခဏနေမှ
ရစ်ခီ့သွားနှိုးပြီးဆင်းလာခဲ့တော့မယ်"

ထယ်ရယ့်စကားတောင်ဆုံးအောင်နားမထောင်
သွားတဲ့ဂွန်းဝုက မိုးလင်းလို့နိုးတာနဲ့မျက်နှာမသစ်
ခင်ရောက်နှင့်တာ ခြံဝကို ၊ ပြီးရင် အကြည့်တွေ
အကုန်လုံးကတော့ ဘေးအိမ်ကိုပေါ့
အရှိတိုင်း parking ထိုးထားတဲ့ကားက မက်သျူး
အိမ်မှာဘဲရှိနေသေးတာကိုဖော်ပြနေသလို
ပုံမှန်ဆိုနိုးတာနဲ့ ခြံရှေ့ လေ့ကျင့်ခန်းလုပ်လေ့ရှိတဲ့
သူ့နေရောင်ခြည်လေးကိုမတွေ့သေးတာမို့
တရေးတမော အိပ်နေတုန်းများလား တွေးမိနေသည်
ထင်တာမမှားရင်....အတွေးလွန်သွားပြီး အိပ်မပျော်
တာများလား၊

NEXT DOOR (Gunthew)Where stories live. Discover now