𝐒𝐡𝐚𝐝𝐞𝐬 𝐨𝐟 𝐕𝐚𝐧𝐜𝐨𝐮𝐯𝐞𝐫 𝟐𝟏

247 48 14
                                    

💬အများကြီးစဉ်းစားပြီးမှပြောတာပါ
ကျွန်တော်လည်းခံစားသင့်သလောက်ခံစားခဲ့ရပြီးပြီမို့ ကိုယ့်ရွေးချယ်မှုမှာ အဆင်ပြေပါစေဆုတောင်းပေးပါတယ်........
ကျွန်တော်တို့ဒီလောက်နဲ့လမ်းခွဲရအောင်



ဂွန်းဝုဖုန်းရဲ့ notification bar မှာပေါ်လာတဲ့
မက်သရူးပို့ထားတဲ့စာလေး၊
မြင်လျှင်မြင်ချင်းဘာမှပြောနိုင်စွမ်းမရှိလောက်အောင်
ဂွန်းဝု ဗျာများသွားတယ်၊ သူမရည်ရွယ်ဘူးလေ
သူကိုယ်တိုင်ငြင်းလိုက်တာမဟုတ်ဘူး၊
သူ့စိတ်ဆန္ဒနဲ့ပြောဆိုချက်တစ်ခုမှမပါဘဲ
Company ဘက်ကသပ်သပ်ကြီး statement ထုတ်ပြန်
လိုက်တာမလို့ စိတ်ရှုပ်နေရတဲ့ကြားထဲ
မက်သရူး အဆင်ပြေပါ့မလားတွေးနေတာ၊
နောက်ကျသွားခဲ့ပြီလား၊ မက်သရူး အများကြီး
အထင်လွဲပြီး စိတ်နာသွားတာများလား။

"ဟာ Babe.....မဖြစ်ဘူးလေ
မဟုတ်ဘူး...ဟာ...ဘာလို့တုန်း"

မက်သရူးကို ဆက်တိုက် video call တွေခေါ်တယ်၊
မကိုင်လောက်မှန်းသိပေမယ့်၊ မဟုတ်ဘူး
ကိုင်မှဖြစ်မယ် ဘာတွေဖြစ်ပျက်ခဲ့တာလည်း
သူရှင်းပြမှရမှာမလား၊ ဒီကြားထဲ မက်သရူး
သူ့ပေါ်ဘယ်လိုတောင်ထင်မြင်သွားလို့
ဒီလိုလမ်းခွဲစကားပြောထွက်တာလည်း၊
ပြသနာဆိုတာတူတူဖြေရှင်းမှရမှာမလား၊
ကျေးဇူးပြုပြီး မက်သရူးဖုန်းကိုင်ပေးဖို့
မျှော်လင့်တယ်

"ထယ်ရယ်ဟျောင်း....မက်သရူးကိုဖုန်းကိုင်ဖို့
ပြောပေးပါ...လုပ်ပါ...ကျွန်တော်ရှင်းပြမှရမယ်
သူကျွန်တော့်ကို...အထင်လွဲသွားပြီ"

အကြိမ်ပေါင်းများစွာ ဖုန်းဆက်တာတောင်
ဘယ်နေရာမှဖြစ်ဖြစ်ဆက်သွယ်လို့မရတော့တဲ့
အပြင် block ပါလုပ်သွားတာမလို့၊
ဂွန်းဝု တဖြည်းဖြည်းချင်းငိုချင်လာတယ်၊
ပြာယာခတ်နေပြီး
ဆက်သွယ်လို့ရတဲ့နေရာအကုန်ကနေ
မက်သရူးကိုဆက်သွယ်ဖို့ကြိုးစားတယ်၊
သူရှင်းပြမှရမယ်၊ သူရှင်းပြတာနားထောင်မှရမယ်။




____________

ထိုနေ့ကနေစပြီး ဂွန်းဝု မက်သရူးဆီကို
ကြိမ်ဖန်များစွာဆက်သွယ်ဖို့ကြိုးစားပြီး
စာတွေဆက်တိုက်ပို့ခဲ့ပေမယ့်
မက်သရူးဘက်က reply မပြန်ခဲ့ဘူး၊
ရသမျှ ဖုန်းနံပါတ်အစိမ်းတွေနဲ့ရော
ဆက်သွယ်လို့ရတဲ့ နေရာတိုင်းကနေ
အကြိမ်ကြိမ်စာတွေ
ပို့သော်လည်း seen ပြချင်းအလျင်းမရှိတော့တာ
၇ ရက်တိတိရှိခဲ့ပြီ။

NEXT DOOR (Gunthew)Where stories live. Discover now