𝐬𝐡𝐚𝐝𝐞𝐬 𝐨𝐟 𝐕𝐚𝐧𝐜𝐨𝐮𝐯𝐞𝐫 𝟏𝟓

319 48 4
                                    

ဂွန်းဝု ဒီလိုနဲ့ မနက်ခင်း အစောနိုးလာခဲ့သည်၊
အိမ်မက်တစ်ခုကနေ အယောင်ယောင်အလန့်လန့်နဲ့
နိုးလာခဲ့ပြီး အသိစိတ်ပြန်ဝင်လို့ဘေးကို
ကြည့်လိုက်တော့ မက်သရူးက ရှိမနေတော့ပါ၊
ဖြည်းဖြည်းချင်း ညက ဖြစ်ခဲ့တာတွေကို
ပြန်တွေးကြည့်တော့
ညက သူတို့တူတူ သောက်စားကြရင်း ဂွန်းဝုဘက်က
တအားမူးသွားတာမို့ မက်သရူးက ဆွဲထူပေးရင်း
အိမ်အပေါ်ထပ်က သူ့အိမ်ခန်းထိရောက်အောင်
ပို့ပေးတာထိ သတိရသည်၊ နောက်ပြီး
မက်သရူးပြန်တော့ဖို့လုပ်တုန်း
သူလက်တစ်ဖက်နဲ့အတင်းလှန်းဆွဲလိုက်လို့
မက်သရူးသူ့အိပ်ရာပေါ်လဲကျသွားပြီး
သူ့ရင်ခွင်ထဲရောက်သွားတာက အစ
အသေးစိတ်သတိရသေးသည်၊
ရင်ခွင်ထဲကနေ တော်တော်နဲ့ရုန်းလို့မရအောင်
တင်းတင်းကြပ်ကြပ် ဖက်ထားခဲ့ပြီး "မပြန်ပါနဲ့ကိုယ်နဲ့တူတူအိပ်ပါ"လို့ပြောလိုက်တော့ မက်သရူးက
"ကျွန်တော် မပြန်တော့ဘူး
ဂွန်းနုဂီးနဲ့ တူတူနေပေးမယ်နော်"လို့ သူ့ကိုချွဲပြီးပြောတာထိလည်းမှတ်မိသည် နောက်ပြီး?


ဂွန်းဝုလည်း တစ်ခုမကျန်အကုန်ပြန်သတိရတာမို့
ပြန်တွေးမိပြီး ကျေနပ်စွာပြုံးရင်းအနည်းငယ်တော့
ရှက်သွားသေး၏၊ သူ့ကလေးလေးလည်းဒီလောက်ဆို
ညတုန်းက သူတကယ် အဲ့လောက်နဲ့မမူးတတ်တာကို
သဘောပေါက်သွားလောက်ပြီလေ၊
ဒါပေမယ့်
ဘာလို့ မနက်နိုးတော့ သူ့ဘေးနားမက်သရူး
မရှိတော့တာလည်း၊ ညထဲက နှစ်ယောက်လုံး
ပင်ပန်းပြီးအိပ်ပျော်သွားတာမို့ ဂွန်းဝုရဲ့ တီရှပ်မပါဘဲလစ်ဟာနေတဲ့ ခန္ဓာကိုယ်အပေါ်ပိုင်းမှာ
မက်သရူး ညကပေးထားတဲ့ အနမ်းအမှတ်အသားတွေက အခုထိ ထင်းနေတုန်းရယ်၊
ပြင်ကြည့်ရင်း
သဘောတကျကျဖြစ်နေတုန်းမှာဘဲ
ဖုန်းနိုတီတတ်လာတာကို
တစ်ချက်ကြည့်လိုက်တော့ မက်သရူးဘက်က
စာပို့ထားတယ်

💬"Good morning ကိုကို
အိပ်ရေးမဝမှာဆိုးလို့ မနက်ကမနှိုးဘဲ
ထ သွားလိုက်တာ Sorryㅠㅠ
Alyssa နဲ့ချိန်းထားတာလေးရှိတာနဲ့
အစော သွားလိုက်မို့ နိုးလာတဲ့အချိန်
ဘေးမှာရှိမနေတာစိတ်မဆိုးပါနဲ့ မီးဖိုချောင်မှာ
အမူးပြေပြီးခေါင်းမမူးအောင် အမူးပြေစွပ်ပြုတ်လေးပါပြုတ်ပေးခဲ့တယ် ထယ်ရယ့်ကိုမေးပြီး
နွှေးစားလိုက်နော်
ကြည်ကြည်လင်လင်နိုးထပါ
ကိုကို ချစ်တယ်<3
ထပ်စောင်းပြောရရင် ညတုန်းက တကယ်
ပျော်ခဲ့ရပါတယ်^^" တဲ့

NEXT DOOR (Gunthew)Where stories live. Discover now