𝐬𝐡𝐚𝐝𝐞𝐬 𝐨𝐟 𝐕𝐚𝐧𝐜𝐨𝐮𝐯𝐞𝐫 𝟖

353 54 18
                                    

"1လနီးပါးလောက်ပြတ်ဆဲပြီးတဲ့နောက် Brian Park နဲ့ Kim Arin တို့ပြန်တွဲသွားကြပါပြီ"

ခေါင်းစည်းသတင်းနဲ့အတူ K media တွေကနေ တတ်လာတဲ့post ပေါင်းများစွာ၊ မက်သျူးမြင်လိုက်ရတာဘာတွေလည်း၊ သူ့အတွက် ရေရှည်တွဲဖို့တောင်
ရည်ရွယ်ခဲ့တဲ့လူက မက်သျူးအတွက်အရာရာထပ်
ပိုပြီးအရေးပါခဲ့ပေမယ့် တကယ်တမ်းသူ့အတွက်ကျ
မက်သျူးက သာမန်flirt ရုံသာသာ လောက်သာ
ဖြစ်ခဲ့တာလား၊ အချိန်တန်ပြန်အဆင်ပြေမယ့်
ချစ်သူစုံတွဲအတွက် ဒီဇာတ်လမ်းမှာ
သူကဖြတ်လျှောက်သာသာဖြစ်ခဲ့ရတာလား၊

မယုံကြည်နိုင်တဲ့ လက်တွေ့ကို မေးခွန်းတွေအထပ်ထပ် အခါခါပြန်မေးရင်း လက်မခံနိုင်သေး
ပေမယ့် တဖက်မှာ ဂွန်းဝုကတော့ သူ့ချစ်သူ
မိန်းကလေးလက်ကိုတွဲပြီး ကော်ဇောနီပေါ်လှလှပပ
လျှောက်လှန်းနေတာ၊ မက်သျူး ဘာတွေမြင်နေ
ရတာလည်း၊ ပတ်သတ်မှုကဒီလောက်ထိ ပေါ့တန်တန်
နိုင်ခဲ့တာလား၊ သူ့အပေါ်ဒီလောက်ထိ ဂွန်းဝုက
ရက်စက်ခဲ့တာလား၊ရောက်နေတာနွေရာသီဆိုပေမယ့် မက်သျူးအတွက်တော့ မျက်ရည်မိုးတွေသွန်းလို့
နေပြီ၊ လက်မခံနိုင်ချင်းတွေနဲ့အတူဒေါသတွေလည်း
မထိန်းချုပ်နိုင်ဘူး၊ ရှေ့မှာရိုက်ကူးနေတဲ့ ကင်မရာတွေ
နဲ့ သတင်းမီဒီယာတွေကိုလည်း ဂရုမစိုက်နိုင်တော့ဘူး
သူစိတ်နာတယ်....သူဂွန်းဝုကိုစိတ်နာတယ်......၊

"ဘာတွေလည်း"

ရုတ်တရက်လန့်နိုးလာတဲ့ မက်သျူးမှာ
ချွေးသီးချွေးပေါက်တွေနဲ့ ထိပ်လန့်ချင်းတွေနဲ့၊
စက္ကန့်ပိုင်းလောက်နေတော့ အာရုံပြန်ကပ်မှ
ဒါဟာ လက်တွေ့မဟုတ်ဘဲ အိမ်မက်တစ်ခု
ဖြစ်နေတာမို့ သက်ပြင်းရှည်ကြီးချလိုက်ပြီး
ကုတင်ဘေးက ရေဗူးကိုယူကာ တချိုက်ထဲ
မော့သောက်လိုက်သည်၊ အိမ်မက်ဆိုပေမယ့်
ဒီအိမ်မက်ဆိုးက မက်သျူးဖို့ဒီလောက်ရိုက်ချက်
ပြင်းသွားမယ်မထင်ခဲ့ပါ၊ တစ်ခဏအတွင်း
ဆိုးရွံ့ထိပ်လန့်သွားခဲ့သည်၊ အကယ်လို့များဆိုတဲ့
အတွေးတွေနဲ့အတူ မက်သျူးအဖို့ဒီနေ့မနက်ဟာ
နိုးထ လာထဲက စိတ်မကြည်ချင်းတွေ ကြီးစိုးလို့
နေတယ်၊

NEXT DOOR (Gunthew)Where stories live. Discover now