𝐬𝐡𝐚𝐝𝐞𝐬 𝐨𝐟 𝐕𝐚𝐧𝐜𝐨𝐮𝐯𝐞𝐫 𝟏𝟒

429 51 3
                                    

"ပြန်လာကြပြီထင်တယ်"

မက်သရူးနဲ့ထယ်ရယ် အိမ်ရှေ့မှာ တူတူစကားပြောနေရင်း ရစ်ခီတို့ အိမ်ပြန်လာတာကို စောင့်နေတုန်းမှာဘဲ
အိမ်ရှေ့ကနေ ကြားရတဲ့ကားသံကြောင့်ထယ်ရယ်က
ပြတင်းပေါက်ကနေ တချက် ကြည့်လိုက်သည်၊
သေချာပေါက် ရစ်ခီကားဘဲမို့ ပြန်လာတဲ့ နှစ်ယောက်ကို ထယ်ရယ်က အမြန်ထွက်ကြိုဖို့ ထိုင်နေရာကထလိုက်ပြီး

"အာ မက်သရူး မက်သရူး
မက်သရူးရောက်နေတာ ဂွန်းဝုမသိသေးဘူး
အပေါ်တက်ပြီး ဂွန်းဝု အခန်းထဲကနေ စောင့်ရင်
စောင့်နေပါလား"

ထယ်ရယ် ဆိုလ်ုချင်တာကို မက်သရူးကလည်း
သဘောပေါက်တာမို့ တစ်ချက်ခေါင်းငြိမ့်လိုက်ရင်း
အချက်ပြကာ အိမ်ပေါ်သို့ပြေးတတ်သွားသည်၊
ထို့နောက်
ခြံထဲ Car parking ကိုနေရာတကျထိုးပြီး
ကားပေါ်ကနေဆင်းလာကြကာ
အိမ်ထဲသို့ဝင်လာပြီဖြစ်တဲ့ ရစ်ခီနဲ့ ဂွန်းဝု၊

"ထယ်ရယ်ဟျောင်း ကျွန်တော်တို့ ပြန်ရောက်ပါပြီ"

"အွန်း ပင်ပန်းသွားကြပြီ အဆင်ခဲ့ကြတယ်မလား
ကလေးတို့"

"ပြေပါတယ်"

"ထယ်ရယ်ကနော် ပြန်ရောက်တာ မောင့်ကိုတောင်
ထွက်မကြိုဘူး"

ရစ်ခီက ထယ်ရယ့်ကိုကြည့်ရင်း စိတ်ကောက်ဟန်ပြုတော့မယ့် မျက်နှာနဲ့အတူ စနေတာမို့ ထယ်ရယ်က
ရစ်ခီ့လက်မောင်းကိုတစ်ချက်ရိုက်လိုက်ရင်း

"သူကများ ပြန်စိတ်ကောက်မယ်ကြံရသေး
မောနေပြီမလား အအေးသောက်မလား
ထည့်ပေးမယ် ဂွန်းဝုရော ဘာသောက်ဦးမလည်း
ညအတွက်တော့ ဟျောင်း အကုန်ပြင်ပြီးသွားပြီ"

"ဘာမှ မသောက်ချင်သေးဘူးဟျောင်း
ကျွန်တော် နည်းနည်းနားချင်နေလို့
အပေါ်အရင်တတ်နှင့်တော့မယ်နော်
ခဏနေမှ ပြန်ဆင်းလာခဲ့မယ်"

"အွန်း ဟုတ်ပြီဟုတ်ပြီ ဂွန်းဝု ရတယ်"

ကားပေါ်က ဆင်းလာထဲက မအီမသာဖြစ်နေတဲ့
ဂွန်းဝုရဲ့ မျက်နှာထားကို ထယ်ရယ်သတိထားမိသည်၊
ထယ်ရယ်နဲ့ ရစ်ခီတို့ရှေ့ဆို ဘယ်တော့မှဟန်မဆောင်
တတ်တဲ့ဂွန်းဝုက အခုလည်း စိတ်ရောလူရော
ပင်ပန်းနေတာ မျက်နှာမှာအတိုင်းသားပေါ်နေတာမို့
ခြေပြစ်လက်ပြစ် နားချင်နေတဲ့ ဂွန်းဝုကိုလည်း
ထယ်ရယ်မတားချင်တော့ပါ၊ ထယ်ရယ့်စကား
မဆုံးချင်မှာဘဲ အိမ်ပေါ်ကိုချက်ချင်းတတ်သွားပြီး
သူ့အခန်းထဲသူဝင်သွားတဲ့ဂွန်းဝုကိုကြည့်ရင်း

NEXT DOOR (Gunthew)Where stories live. Discover now