𝐬𝐡𝐚𝐝𝐞𝐬 𝐨𝐟 𝐕𝐚𝐧𝐜𝐨𝐮𝐯𝐞𝐫 𝟒

496 55 12
                                    

ချိန်းဆိုထားတဲ့ သောကြာနေ့ကိုရောက်လာပြီမို့
အားလုံးထက်ပိုပြီးတတ်ကြွနေတာကတော့
ဂွန်းဝုပါဘဲ၊ မနေ့ညထဲက ဝတ်သွားမယ့်အဝတ်အစား
ကိူရွေးနေရတာနဲ့တင်တော်တော်နဲ့မပြီး၊
ဂွန်းဝုမှာအကျင့်တခုရှိတယ် အဲ့တာကသူချိန်ရွယ်ထားတဲ့လူတယောက်ယောက်နဲ့ date ဖို့ရှိတယ်ဆိုရင်
ကျန်တာထက် outfits ကို တဖက်လူပေါ်မူတည်ပြီး
ဘယ်လိုပုံစံကပိုပြီး ဆွဲဆောင်နိုင်မလည်း
သေချာရွေးတတ်တာမျိုး၊

ဂွန်းဝုကပုံမှန်ဆို Hoodie တွေ Tshirt တွေဘဲ
ဝတ်ဖြစ်တာများတယ် သို့ပေမယ့်သူတွေးမိတာ
တခုက မက်သျူးရဲ့ ideal type ကဘယ်လိုမျိုး
ဖြစ်မလည်းပေါ့၊ မက်သျူးကိုယ်တိုင်လည်း
ပေါ့ပေါ့ပါးပါး ဝတ်စားရတာကြိုက်တဲ့လူမို့
Casual ဖြစ်တဲ့ပုံစံနဲ့ဆိုသူနဲ့ပိုလိုက်ဖက်နေမလား
တွေးမိတဲ့အတွက် ညထဲကပြင်ဆင်ထားတဲ့
ရိုးရိုးရှင်းရှင်း casual outfits ကိုဝတ်ဆင်လိုက်ရင်း
မှန်ကို သေချာကြည့်နေကာ ပြင်ဆင်နေတယ်၊
နောက်ပြီး... ရေမွှေး၊ မှန်တာပေါ့ ဒါသူနဲ့မက်သျူးဖို့
First date လည်းဖြစ်တယ်လေ၊
အရမ်းမအီဘဲ ရနံ့သင်းသင်းလေးထဲကဘဲ
ရွေးဆွတ်သည်၊ လူကိုယ်တိုင်က အန္တရာယ်များတဲ့
ကောင်လေးဆိုပေမယ့် သုံးတဲ့ perfume ရနံ့က
နူးနူးညံ့ညံ့လေးရယ်၊

အားလုံးအသင့်ပြင်ဆင်ပြီးနောက်အချိန်ကြည့်လိုက်တော့ မနက် ၈ နာရီကွက်တိ၊ မနက်နည်းနည်း
စောထွက်ပြီး ညနေထိတနေကုန်လျှောက်လည်ဖို့
မက်သျူးနဲ့တိုင်ပင်ထားတဲ့အတွက် စောစော
ပြီးအောင်ပြင်ဆင်ခိုင်းထားတဲ့ မက်သျူးရဲ့
စကားကိုတသွေမသိမ်းနားထောင်တဲ့ ဂွန်းဝုဟာ
ပြင်ဆင်လို့အပြီး လောလောနဲ့ အိမ်အောက်
ကိုဆင်းလာကာသွားခါနီး
အိပ်ချင်မူးတူးနဲ့ဧည့်ခန်းထဲမှာထိုင်နေတဲ့
ရစ်ခီ့ကို မှာစရာတခုရှိတာမို့

"ရစ်ခီ ရစ်ခီ မင်းဒီနေ့ အိမ်မှာဘဲနေနော်
ဟေ့ကောင် ရှန်ချွမ်ရွေ့ ငါထပ်မှာခဲ့မယ်နော်
အိမ်မှာဘဲနေနော် တနေကုန်ဘယ်မှမသွားနဲ့နော်
လုံးဝမသွားမိစေနဲ့ကြားလား
သွားမိလို့ကတော့ မင်းဒီနေ့နောင်တရပြီသာမှတ်"

"ဘာတုန်း ဂွန်းဝုရဲ့ ဖြည်းဖြည်းပြောစမ်းပါ"

"ငါထပ်ပြောခဲ့မယ်နော် လုံးဝအိမ်ကနေ
တဖွားမှမခွါနဲ့ ငါသွားပြီ ဒါဘဲ"

NEXT DOOR (Gunthew)Where stories live. Discover now