𝐬𝐡𝐚𝐝𝐞𝐬 𝐨𝐟 𝐕𝐚𝐧𝐜𝐨𝐮𝐯𝐞𝐫 𝟏𝟏

493 63 18
                                    

ဒီနေ့ဖို့ ဂွန်းဝုရဲ့ အိမ်ပြန်တဲ့လမ်းတွေဟာ
တိတ်ဆိတ်နေပြီး အတွေးလွန်မှုတွေကလည်း
ကြီးစိုးလို့နေပြန်သည်၊

ငါသာနည်းနည်းလေးပိုပြီး
ဂရုစိုက်ခဲ့ရင်...
ဖုန်းလေး တစ်call ဖြစ်ဖြစ်ခေါ်ခဲ့ရင်....
ဘာရယ်မဟုတ်ဘူးလို့တွေးမိခဲ့ပြီး
လှည့်မကြည့််ခဲ့မိတဲ့၄ ရက်တာဟာ သူနဲ့မက်သရူးကြား
အခုလိုအခြေအနေမျိုးဖြစ်သွားမယ်လို့
ဂွန်းဝုလည်းမထင်ခဲ့သလိုမက်သရူးရဲ့ စိမ်းကားလှတဲ့
စကားတုန့်ပြန်မှုတွေနဲ့မျက်ဝန်းတွေကိုဂွန်းဝုအမှန်ပင်
ခံနိုင်ရည်မရှိပါ၊ ဒီလိုနဲ့ဘဲ အတွေးတွေနဲ့အတူ
အိမ်ပြန်ရောက်လာခဲ့သည်၊ လွမ်းနေရတဲ့
ဘေးအိမ်လေးကိုလှန်းကြည့်လိုက်တော့
ထင်မထားစွာဘဲ ခြံရှေ့မှာရပ်ထားတဲ့ကားကြောင့် မက်သရူးအိမ်ပြန်ရောက်လို့နေပြီဆိုတာ
သိလိုက်ရတာမို့ချက်ချင်းဘဲမက်သရူး
အိမ်ကိုသွားပြီးပြေးဖက်လိုက်ချင်မိပေမယ့်လည်း..
မက်သရူးလည်းသွေးပူနေဦးမှာမို့ ဒီတစ်ညတော့
လူချင်းမျက်နှာချင်းဆိုင်မတွေ့ဘဲရှောင်နေလိုက်ဖို့သာ
ဂွန်းဝုတွေးတော့သည်၊


တစ်ညလုံးလည်းအိပ်လို့မပျော်ဘူး၊ ပြတင်းပေါက်ကို
ဖွင့်ထားမိရင်း ပြတင်းပေါက်မှန်ကနေ ဘေးအိမ်က
မက်သရူးရဲ့အိပ်ခန်းလေးရဲ့ မှန်တံခါးချပ်တွေကို
ကြည့်နေရင်းဘဲ မက်သရူးအိပ်ပျော်ပါ့မလားဆိုပြီး
တွေးနေရင်း သူကိုယ်တိုင်လည်း အိပ်လို့်မရပါ၊
သူ့ရဲ့ပေါ့ဆမိတဲ့အပြုအမူတွေက တောင်းပန်စကား
တွေနဲ့ကိုမလုံလောက်ဘူးဆိုတာ ဖြည်းဖြည်းချင်း
နားလည်လာပေမယ့်လည်း ဒါကိုမက်သရူး
စိတ်ပြန်ပြေသွားအောင် ဘယ်လိုချော့မြူရမလည်း
သူကိုယ်တိုင်လည်းမသိတော့ဘူး၊ ဖြစ်နိုင်ရင်တော့
အမြန်ဆုံးပြန်ခေါ်စေချင်တာပေါ့၊ သူ့ကိုယ်သူ
မသိလိုက်ခင်မှာဘဲ မက်သရူးပြန်မခေါ်မပြောတော့မှာ
ကြောက်နေမိတာမျိုး။


ဒီလိုဘဲ မက်သရူးဆိုတဲ့ အတွေးတွေနဲ့အတူ
ညကအိပ်ပျော်သွားပြီးမနက်မိုးလင်းလို့
အိပ်ရာနိုးတာနဲ့ ဂွန်းဝုရဲ့
အိမ်မက်တွေထဲထိ စိုးမိုးနေတဲ့ ဘေးအိမ်က
ကောင်လေးကို အရင်ဆုံးမြင်ချင်တာမို့
ဘာမှမလုပ်ခင် ချက်ချင်းခြံရှေ့ကို
အရင်ထွက်လာပြီး ဘေးအိမ်ကိုကြည့်လိုက်တော့
Dance studio သွားဖို့ ပြင်နေတယ်လို့
ယူဆတဲ့ မက်သရူးနဲ့ခြံရှေ့မှာတွေ့ပါလေရဲ့၊
မနေ့တုန်းကလောက်တော့ တင်းမာမနေနဲ့
မက်သရူးရဲ့မျက်နှာအနေအထားကြောင့်
သူ့ကိုပြန်ကြည့်လာတဲ့ မျက်ဝန်းတွေက
ဂွန်းဝုကို ပြန်ချော့ဖို့ သတ္တိမွေးခိုင်းနေသလိုပင်၊
မက်သရူးရဲ့မျက်နှာအနေအထားကပုံမှန်တိုင်း
ဖြစ်နေတာမို့ ဂွန်းဝုလည်း အတတ်နိုင်ဆုံး
စိတ်ကိူတင်းပြီးသူ့ဘက်ကစကား စပြောလိုက်တာ

NEXT DOOR (Gunthew)Where stories live. Discover now