𝐬𝐡𝐚𝐝𝐞𝐬 𝐨𝐟 𝐕𝐚𝐧𝐜𝐨𝐮𝐯𝐞𝐫 𝟏𝟎

364 64 12
                                    

💬ကိုယ့်ကလေးလေးဘယ်ရောက်နေလည်း
လွမ်းတယ်
ကိုယ်ပြစ်ထားမိတာတောင်းပန်ပါတယ် ㅠㅠ

မက်သရူးဖုန်းမှာတတ်လာတဲ့ i message noti
ကြောင့်တစ်ချက်ကြည့်လိုက်တော့ "Brian🫶🏻"
လို့မှတ်ထားတဲ့ contact တစ်ခုကနေ ဝင်လာသည်၊
ရုတ်တရက် အတွေးများနေတဲ့သူ့ဖို့ စာဝင်လာလာချင်း
မယုံကြည်နိုင်လောက်အောင်အံ့ဩသွားမိသေးသား၊
ဘာလိူ့ဆို မက်သရူးဘက်က သူတို့ဇာတ်လမ်းကို
အပြီးသတ်သွားပြီလို့ယူဆပြီး စိတ်ကို
ပြင်ဆင်နေကာမှ ပြန်လာချော့သယောင်ပြုနေတဲ့
စာတစ်စောင်ကြောင့် သူ့မှာချက်ချင်း ဝင်ကြည့်ပြီး
ဘာစာပြန်ရမှန်းမသိအောင်ထိ
စိတ်လှုပ်ရှားသွားမိသေးတာ၊

သို့ပေမယ့်လည်း
မက်သရူးရဲ့မာနတွေ...၄ ရက်လုံးလုံး သူ့ဘက်က
ပို့ထားသမျှစာတွေအပေါ် ဂွန်းဝုseen ပြတာကို
စောင့်စားလာသမျှ ၄ ရက်ကြာမှဂွန်းဝု ဘက်က
ပြန်လာတဲ့ စာတစ်စောင်ကို တစ်မိနစ်တောင်
မခြားဘဲ သူ့မှာ seen ပြပြီးလို့Reply ပြန်ဖို့
လုပ်နေမိပြန်ပြီ၊
အဆင်သင့်မဖြစ်သေးပါ ဒီအချိန်
သူဂွန်းဝုပေါ်ဘာမှမတုန့်ပြန်ချင်သေးဘူး
ဒါကြောင့် အတတ်နိုင်ဆုံး စာပြန်ဖို့ ရိုက်နေသမျှ
စကားလုံးတွေကို အကုန်မပို့ဘဲပြန်ဖြတ်လ်ိူက်
စာပြန်ရိုက်လိုက်လုပ်မိနေတုန်း

"မက်သရူး လာခဲ့တော့လေ Ready ဖြစ်နေပြီ"

"အာ ဟုတ်ပြီ လာပြီနော်"

မက်သရူးတို့ ဒီနေ့ Dance video တစ်ခု
ရိုက်ကူးဖို့ Outdoor shooting ရှိတာမို့  Andrew တို့
တွေနဲ့တူတူ အပြင်တစ်နေရာကိုရောက်နေကြသည်၊
မနက်အစောထဲက ထ ပြီး ပြင်ဆင်ကာ
ရောက်နှင့်နေကြပြီး ဒီနေ့တော့တနေကုန်
အလုပ်ရှုပ်နေတော့မယ်ထင်ပါရဲ့၊ Dance video
တစ်ခုပေမယ့် နေရာကအစ အသေးစိတ်
သေချာရိုက်ရမှာမလို့ မက်သရူးအပါအဝင်
ရိုက်ကူးရေး တစ်ဖွဲ့လုံး မနက်ထဲက
နားချိန်မရှိ အလုပ်တွေဆက်တိုက်ရှုပ်လို့နေပြီ
ကိုယ့်အာရုံနဲ့ကိုယ်မို့ ခုနက တစ်စောင်မျှသာ
ပို့ထားတဲ့ တောင်းပန်စာလေးကိုလည်း သူreply
ပြန်ဖို့သတိမရတော့ပါ။


NEXT DOOR (Gunthew)Where stories live. Discover now