𝐬𝐡𝐚𝐝𝐞𝐬 𝐨𝐟 𝐕𝐚𝐧𝐜𝐨𝐮𝐯𝐞𝐫 𝟐𝟎

269 50 19
                                    


📍- Seoul <<Brian's POV>>

ဆိုးလ်ကိုပြန်ရောက်လာထဲက ခေါင်းထဲတွေးမိတာ
တခြားတော့မရှိဘူး၊ album အမြန် ထုတ်ချင်တယ်
နောက်ပြီး...အမေ့နားမှာ အဖော်ပြုပေးချင်တယ်၊
နောက်အိမ်ထောင်နဲ့ပတ်သတ်ပြီးနှစ်ရှည်လများ
မွန်းကြပ်လာလို့ ပွင့်အံထွက်လာတဲ့ အမေ့ရဲ့ ခံစားချက်တွေကို နားထောင်လိုက်ရတော့ရင်ထဲ ဆို့နင့်နင့်ကြီးခံစားရပြီး တစ်ယောက်ထဲဘယ်လောက်တောင် အထီးကျန်နေလိုက်မလည်းတွေးမိတယ်၊
ဒါကြောင့် တစ်ယောက်ထဲ ဟုန်းဒယ်က ကွန်ဒိုမှာ
ခွဲနေတဲ့ ဂွန်းဝုက သူ့အိမ်ကို သူ့အမေကိုပါခေါ်ထားဖို့
ဆုံးဖြတ်လိုက်တာပေါ့၊ သူလည်း ဒီရက်ပိုင်းတွေ
အချိန်တအား ရတာရယ်တော့မဟုတ်ပေမယ့်
အနည်းဆုံး သူ့အိမ်မှာနေရတာ သူ့အမေအတွက်တော့
စိတ်လုံခြုံမှုရမယ်မလား၊ နှစ်ရှည်လများ အမေဖြစ်သူ
နဲ့လည်း ခွဲနေခဲ့ရတာဆိုတော့
အခုလိုတူတူပြန်နေရတာလည်း
စိတ်နွေးထွေးမှုတော့ရသား။

အလုပ်ရယ် fan တွေရယ်အမေရယ်ပြီးရင်
သူ့အတွက်အရေးအကြီးဆုံး ဆိုတဲ့အရာကတော့
ဆော့မက်သရူးပါပဲ၊ ဒါကြောင့်
ပူပူနွေးနွေး လွန်ခဲ့တဲ့တစ်ပတ်ကမှ
တရားဝန်ချစ်သူတွေဖြစ်ထားတဲ့ ဒီကောင်လေးနဲ့
ရုတ်တရက်ကြီးခွဲနေရတော့ ဂွန်းဝုမှာ
အလွမ်းဓာတ်ခံလေးလည်းရှိလာပြီ၊
အမှန်တိုင်းဝန်ခံရရင်တော့ တကယ်လွမ်းပါ၏၊
သီချင်းရေးနေရင်း မက်သရူး အကြောင်းတွေးမိတဲ့အခါမျိူးမှာ ဖုန်းwallpaper မှာထားထားတဲ့
မက်သရူးနဲ့သူ့ရဲ့ ပုံလေးကိုကြည့်ရင်း သူ့မှာ
အလိုလိုပြုံးမိနေတာမျိုး၊ အနားနားရှိရင်
စိတ်ရှိလက်ရှိဖက်ထားချင်ပေမယ့်လည်း
အနေဝေးနေတဲ့အနေအထားရယ် နောက်ပြီး
အဖက်ဖက်က စောင့်ကြည့်နေတဲ့ မျက်လုံးတွေကြောင့်
အရင်လို တူတူနီးကပ်နေတုန်းကလောက်တော့
ချစ်ကြောင်းကိုဖော်ပြခွင့်မရနိုင်တဲ့အခြေအနေမျိုး။


Text message ပုံမှန်ပို့ချင်တာတောင်
အချိန်မရတာထက် စောင့်ကြည့်ခံနေရတာမို့
ဒါတွေကိုမက်သရူးနားလည်အောင်
သူ့မှာရှင်းပြချင်စိတ်ကလည်း ဖြစ်ရတယ်၊
ထားပါလေ... album ကိစ္စအကုန်ပြီးစီးသွားရင်
သူမက်သရူးကိုပြောပြလို့ရမှာပါ ၊မက်သရူးက
မရင့်ကျက်တဲ့လူမဟုတ်ဘဲ သူ့လိုpublic figure ပဲမလို့
သူ့ကိုအပြည့်အဝနားလည်ပေးနိိုင်နေတာပဲမလား။

NEXT DOOR (Gunthew)Where stories live. Discover now