𝐬𝐡𝐚𝐝𝐞𝐬 𝐨𝐟 𝐕𝐚𝐧𝐜𝐨𝐮𝐯𝐞𝐫 𝟑

543 72 21
                                    

Notifications: @_brian_park started following you

ရုတ်တရက်တတ်လာတဲ့ မက်သျူးဖုန်းက
Instagram noti လေးတခု၊
ဟုတ်မှဟုတ်ပါ့မလားလို့ ပြန်စစ်ဆေးလိုက်ပေမယ့်
တကယ်ကြီး လာfollow ထားတာမို့ မက်သျူးအံ့ဩ
သွားသည်၊ သာမန်flirt ရုံကိစ္စမျိုးက
အရင်ကလည်းကြုံဖူးနေကြပေမယ့်
သူသဘောကျတဲ့Rapper
တယောက်ဖြစ်နေတာရော၊ ဒီနေ့ဖြစ်သွားတဲ့
အခြေအနေတွေကရော မက်သျူးဖို့
လက်မခံနိုင်လောက်အောင်ထူးဆန်းလွန်းတယ်။

Followers 5M လောက်ရှိတဲ့ Brian ရဲ့acc ကို
သူအရင်ထဲက follow ထားခဲ့ပြီးသားမို့
တကယ်တမ်း သူ့ကိုfollow back လိုက်တဲ့
အခြေအနေထိ
ရောက်ခဲ့တာက ဆန်းကြယ်လွန်းသား၊
အနမ်းတခုရဲ့ ဆွဲငင်မှုအားလား...၊
စစတွေ့ချင်းဆိုပေမယ့် နှစ်ယောက်လုံးက
စကားပြောပါးနပ်လွန်းတာမို့ ချင်းကပ်တဲ့
ခြေလှမ်းတွေက တအားမြန်ဆန်ကောင်း
မြန်ဆန်လွန်းသွားတာလား မသိပေမယ့်
သူသိတာတော့ ဒီကောင်လေးပေါ် ရင်ခုန်မိတယ်
ဒါပေမယ့် ဒီ့ထက်ပိုပြီးဘာမှထွေထွေထူးထူးတော့
မခံစားမိဘူး၊

ဒီတိုင်း Instagram ဘဲဆက်သုံးနေရင်း
Park Hanbin တို့တင်ထားတဲ့ပုံကိုတွေ့တော့
like ပေးလိုက်သေးသည်၊နောက်ပြီး သူ့ကို
Mention ထားတဲ့story တွေလည်းreshare
ပြန်လုပ်ရင်းပေါ့၊ နားနားနေနေဖုန်းသုံးနေရင်း
ဖြတ်ကနဲတွေ့လိုက်ရတဲ့post တခု၊
Brian နဲ့ ပတ်ဟန်ဘင်းတို့ရဲ့နေ့လည်ခင်းတုန်းကပုံ၊
ဒါတင်ထားတာက အဆင်ပြေတယ်ပြသနာ
မရှိပေမယ့် commentမှာတွေ့ရတဲ့အနေအထားကတော့ မက်သျူးဖို့
ကြောင်အမ်းအမ်းဖြစ်သွားစေသည်၊

-Arin ကတော့live မှာငိုနေတာ သူကဖြင့်ပျော်ပါး
သောက်စားလို့
-အကျင့်ဆိုးတွေကိုငါ့bias ကိုတော့သင်ပေးမနေနဲ့ဦး
-ပုံစံကြည့်ရတာ တကယ်ကြီးcheat ခဲ့တာထင်တယ်
ဘယ်လိုမှတောင်မနေဘူးနော်
-ဘယ်သူ့ဘက်မှမပါဖို့စဉ်းစားထားပေမယ့်
Arin အွန်နီးကို သနားလာတယ် စိတ်ပျက်တာ

Cmt တွေလိုက်ဖတ်ရင်း လောလောလတ်လတ်
ဂွန်းဝု ကောင်မလေးနဲ့ပြတ်ထားတာလို့
ရိပ်စားမိပေမယ့် သူကိုယ်တိုင်လည်း
ဂွန်းဝုနဲ့ပတ်သတ်ပြီး သီချင်းတွေသိရုံလောက်ဘဲ
Personality နဲ့ပတ်သတ်ပြီး
အရမ်းလိုက်မကြည့်ဖူးတာမလို့
ဘယ်သူမှားပြီး ဘယ်သူမှန်လည်းသေချာမသိ
တဲ့အတွက် ဒီတိုင်းကျော်သွားလိုက်သည်

NEXT DOOR (Gunthew)Where stories live. Discover now