𝐬𝐡𝐚𝐝𝐞𝐬 𝐨𝐟 𝐕𝐚𝐧𝐜𝐨𝐮𝐯𝐞𝐫 𝟗

373 58 16
                                    

အမြင်တွေအကုန်ဝိုးတဝါးရယ်၊ အိမ်မက်ကနေ
နိုးထလာပြီး ရုတ်တရက်ကြည့်လိုက်တော့
သူရောက်နေတာ ရစ်ခီ့အိမ်မဟုတ်ဘူး၊ အိပ်ရာကနေ
ရုတ်တရက်ကောက်ထပြီး သူ့ကိုယ်သူပြန်ကြည့်
လိုက်ပြန်တော့လည်း မနေ့ကဝတ်ထားတဲ့
အကျင်္ီအတိုင်းရယ်၊ ဘာတွေလည်း ဘယ်လိုတွေ
ဖြစ်ခဲ့တာလည်း သူတစ်ခုမှမှတ်မိဟန်မတူပါ၊
ဘယ်နေရာကိုရောက်နေတာလည်းဆိုတာလည်း
ဂွန်းဝုမသိဘူး၊ အလန့်တကြားနဲ့ နိုးထလာပြီး
ညကအဖြစ်အပျက်တွေကိုခေါင်းအေးအေးထားပြီး
ပြန်တွေးကြည့်တော့ သူKelvin ရဲ့birthday partyကို
သွားခဲ့တယ်၊ အဲ့အပြင်သူဘာဖြစ်သွားလည်း
ဂွန်းဝုတစ်ခုမှ မမှတ်မိတော့ပါ။

"နိုးပြီလား ကိုကို"

အသံကြားလို့လှည့်ကြည့်လိုက်တဲ့အခါ
သူ့ရည်းစားဟောင်းဖြစ်သူKim Arin၊
အံ့ဩခြင်းတွေနဲ့အတူ
ဘာမှပြန်မပြောနိုင်လောက်အောင်ဂွန်းဝု
ရှုပ်ထွေးလွန်းနေပြီ

"မင်းက ဘယ်လိုလုပ်ဗန်ကူဗားရောက်နေတာလည်း
ပြီးတော့ငါကရော ဘာလို့မင်းနဲ့တူတူရှိနေတာလည်း"

"အာ..ညက က်ိုကိုတအားမူးနေလို့လေ
ဘယ်ကိုပြန်ပို့ရမှန်းမသိတာနဲ့ ငါတည်းတဲ့နေရာဘဲခေါ်လာလိုက်တာ ခေါင်းရောမူးနေသေးလားကိုကို
ရော့ ငါနင့်ဖို့ အမူးပြေအောင် သံပုရာရည်ဖျော်
ပေးထားတယ်"

"ရတယ် ငါပြန်တော့မယ် ဘယ်လိုဘဲဖြစ်ဖြစ်
ကျေးဇူးနော်"

ဘာတစ်ခွန်းမှ မေးတာရောဖြေတာရော
လုပ်မနေတော့ဘဲ ဒီရှုပ်ထွေးလွန်နေတဲ့အခြေအနေကြီးမှာ ဂွန်းဝု ထ ပြန်ဖို့သာ စဉ်းစားမိတော့သည်၊
သူကိုယ်တိုင်လည်း ဘာဆက်လုပ်မလည်း
ဘယ်လိုဖြစ်ကုန်တာလည်း နားမလည်နိုင်တဲ့
အနေအထားမလို့ ဒီတိုင်း ထ ပြန်ဖို့အလုပ်
ခါးကိုအနောက်ကနေအမြန်
သိုင်းဖက်လိုက်ပြီး မသွားဖို့ဟန့်တားလိုက်တဲ့
ရည်းစားဟောင်းဖြစ်သူ

"ဘာလို့အမြဲရှောင်ပြေးဖို့လုပ်နေတာလည်းဟင်
ငါတို့ သူငယ်ချင်းမိတ်ဆွေလိုတော့နေလို့ရတယ်လို့
ကိုကို ဘဲပြောခဲ့တာလေ"

"သူငယ်ချင်းလိုဘဲနေမယ်ဆိုတာ မင်းနဲ့
မိတ်ပျက်ဆွေပျက်မဖြစ်ချင်လိူ့လေ Arinရဲ့
နောက်တစ်ခါငါ့ကို ကိုကိုလို့မခေါ်ပါနဲ့
အနည်းဆုံးတော့ စည်းတစ်ခုနဲ့နေကြရအောင်လား"

NEXT DOOR (Gunthew)Where stories live. Discover now