𝐬𝐡𝐚𝐝𝐞𝐬 𝐨𝐟 𝐕𝐚𝐧𝐜𝐨𝐮𝐯𝐞𝐫 𝟏𝟗

250 44 10
                                    




"ငါတို့တွဲလိုက်ပြီ Alyssa"

မက်သရူးရဲ့ စကားအဆုံးမှာ တအံ့တဩနဲ့ ပြန်ကြည့်မိတဲ့Alyssa က

"တွဲလိုက်ပြီပေါ့ သူ့ဘက်က စပြောတာလား
နင့်ဘက်ကလား?
တကယ်တော့ ၊ နင်တို့ကတွဲသင့်တာကြာပါပြီ"

"အွန်း ၊ သူ့ဘက်က ပြောတာ"

ဂွန်းဝုအကြောင်းပြောလိုက်တာနဲ့ အလိုလိုပြုံးမိသွားတတ်တဲ့မက်သရူးက အခုလည်း သူတို့ချစ်သူတွေ
ဖြစ်သွားကြောင်းကို တပြုံးပြုံးနဲ့ ကြွားလုံးထုတ်
နေပါရဲ့၊ Alyssa တစ်ခါအကြံပေးဖူးတယ်၊
ဒီအခြေအနေနဲ့
လပိုင်း လောက်ရှိသွားတာတောင်
ဘာမှ ဂွန်းဝုဘက်က
တဆင့်တတ်ဖို့ ဖွင့်ဟမလာရင် သေချာပေါက်
နင့်ကို မချစ်ဘဲ ကစားရုံသပ်သပ်မို့တဲ့လေ ။

အခုလို
ဂွန်းဝုဘက်က တွဲဖို့ ခွင့်တောင်းလာတာကလည်း
တစ်မျိုးကောင်းတယ်ဆိုရမလား၊ Alyssa ကတော့
ကောင်းတဲ့ဘက်ကဘဲ မြင်ပြီး မက်သရူးကို
စောင့်ကြည့်ဖို့အကြံပေးတယ်၊ ဒီနေ့လည်း
ထုံးစံတိုင်း အလုပ်လက်ခံထားတဲ့ သီချင်းတွေအတွက်
Choreograph တွေဖန်တီးဖို့ မက်သရူးနဲ့ Alyssa
တစ်မနက်လုံး အလုပ်ရှုပ်နေတာ
အခုမှ ကောင်းကောင်းနားရတယ်၊
ခဏကြာတော့ အနားမှာ ခြေသံခပ်ကျဲကျဲ
တစ်ခုကြားလိုက်တာမို့
Andrew မှန်းအတပ်သိလ်ိုက်ပြီ၊
Andrew လက်ထဲမှာ သူ့ချစ်သူကောင်မလေး
Alyssa ဖို့ Matcha Latte ရယ် မက်သရူး အကြိုက်
Mint choco ရယ်ကိုင်ထားပြီး အနားရောက်လာတော့
ဝယ်လာပေးတာတွေကို လက်ထဲထည့်ပေးလိုက်ရင်း

"မက်သရူး မင်းကြားပြီးပြီလား မင်းဘဲကြီး
Comeback ရှိတယ်တဲ့နော်"


"ဟင်? Brian လား?"

Mint Choco ရေခဲမုန့်စားနေရင်း ရုတ်တရက်ကြီး
ကြောင်အမ်းအမ်းဖြစ်သွားတဲ့ မက်သရူးက
Andrew စကားကိုဘယ်လိုဆက်ပြောရမှန်းကိုမသိတော့ဘူး၊ မက်သရူး ဘာတစ်ခုမှမသိထားဘူး၊
မနေ့က ဂွန်းဝုဘက်က ပြန်ရတော့မယ်လို့
အနည်းကျဉ်းပြောပေမယ့်
comeback အတွက်ဆိုတာကို
ထည့်မပြောဘူးလေ၊
အခု သူတောင်မသိလိုက်ဘဲ သတင်း
Article တတ်လာတယ်ဆိုတာက တော်တော်
နားလည်ရခက်တဲ့အခြေအနေတစ်ခုဖြစ်စေသည်။

NEXT DOOR (Gunthew)Where stories live. Discover now