"Hello နိဟောင် host"
"WT!!!!???"
ရုတ်တရက်အသံထွက်လာတာကြောင့် ခယ့်လန် အော်ဆဲမိမတက် ဖြစ်သွားသည်။
"ရှောင်ဟူလီ !!!! ဘယ်ကရောက်လာတာလဲ"
"host နဲ့အတူတူ တာဝန်ထမ်းဆောင်မယ့် systemလေးပါ ..ဟီး...ဟီး.."
မြေခွေးလေးက ခယ့်လန်ကို စကားပြန်ပြောလာတော့ မျက်လုံးပြူးသွားရသည်။
"ဒါဆို ခုနကအသံက..."
"ကျွန်တော်ပါ host"
"အခုက ဘာလုပ်ရမှာလဲ ရှောင်ဟူလီ အလားကားသက်သက်တော့ ဒီမှာ ရောက်နေစရာမလိုဘူးမလား"
"ဒါပေါ့ ကျွန်တော် ခေါ်လိုက်ရတာက hostနေချင်တဲ့ဘဝမှာ တာဝန်တွေလုပ်ရင်း ပျော်ပျော်ရွှင်ရွှင်နေသွားဖို့ပါ။ဘယ်လိုလဲ......စိတ်ဝင်စားဖို့ကောင်းတယ် ဟုတ်???"
ခယ့်လန် တစ်ချက်စဉ်းစားလိုက်ရင်း
"ဘာပြန်လုပ်ပေးရမလဲ"
"ဟဲဟဲ host ကို များများရှင်းပြစရာတောင်မလိုဘူး ကမ္ဘာတစ်ခုချင်းဆီမှာ hostရမယ့် ဝိဉာဏ်စွမ်းအားကို systemကို တစ်ဝက်ခွဲပေးရပါမယ်။ဝိဉာဏ်စွမ်းအား 100%ပြည့်ရင်တော့ hostနေချင်တဲ့ဘဝကို ပို့ပေးမှာပါ ဒါ့အပြင့် system က ဆုလက်ဆောင်တွေပါ ပေးအုံးမှာဖြစ်ပါတယ်။mission ကျရှုံးရင် ပြစ်ဒဏ်ကမ္ဘာတွေလည်းရှိပါတယ်.....ဒါပေမယ့် ပြစ်ဒဏ်ကို ကျော်လွှားချင်ရင် hostရခဲ့သမျှ ဝိဉာဏ်စွမ်းအားတွေထဲက သုံးပုံနှစ်ပုံဖြတ်ပါမယ်"
"ရှောင်လီ system မလုပ်ဘဲ ဈေးရောင်းစားပါလား ခုချိန်ဆိုတိုက်ဆောက်နေရလောက်ပြီ ဟွန်း....."
"ကျွန်တော်တို့systemက စည်းကမ်းပါhost ကျွန်တော်လုပ်တာမဟုတ်ပါဘူး...."
"အေးပါ...အေးပါ... လုပ်ရုံပေါ့ ရွေးချယ်စရာမှမရှိတာ"
"ဟုတ် ..ဒါဆို စကြရအောင်နော်"
ထို့နောက် လေထဲတွင် အပြာရောင် စခရင် တစ်ခုပေါ်လာသည်။
Host ရှင်းခယ့်လန် System နဲ့ချိတ်ဆက်ဖို့ သဘောတူပါသလား။
Yes or Done.
ခယ့်လန်တစ်ယောက် ရှောင်လီကို မျက်စောင်းထိုးလိုက်လေသည်။နစ်နာနေပါအုံးမယ်။
YOU ARE READING
ကမ္ဘာကူးပြောင်းပြီး ကောင်ချောလေးတွေကို အပိုင်သိမ်းမယ်
Romanceအပျော်တမ်း အပျင်းပြေ"+"onlyပါ #crd cover photo