Chapter-16

4.8K 163 3
                                    


အထပ်မြင့် အဆောက်အအုံ၏ မှန်ပြတင်းပေါက်မှ ဖြတ်ဝင်လာသော နေရောင်ခြည်နွေးနွေးကြောင့် အိပ်ပျော်နေသော ခယ့်လန်တစ်ယောက် နိုးလာသည်။အသိစိတ်က မရှင်းလင်းသေးသော်လည်း တစ်ကိုယ်လုံး၏ နာကျင်ကိုက်ခဲနေမှုများကို လျစ်လျူရှုဖို့ရာ မဖြစ်တန်ရာ။

"အ့..."

တစ်ချက်လှုပ်လိုက်တာနဲ့ သူ့တစ်ကိုယ်လုံးနာကျင်လာသည်။ထထိုင်ရန်ကြိုးစားပြီးနောက် သူ့ကိုယ်ပေါ်က‌ေလျှာကျသွားစောင်နဲ့အတူ ပြင်းပြင်းပြပြချစ်ထားမှန်းသိသာလှသော အနီရောင်အမှတ်များကို တွေ့လိုက်ရသည်။

ခယ့်လန်တော့ သူ့ကိုယ်သူငုံကြည့်ပြီး ကြက်သေသေနေလေသည်။မရဲတရဲဖြင့် စိတ်ထဲကနေအတုဖြစ်ပါစေလို့ ဆုတောင်းရင်း ကိုင်ကြည့်လိုက်သည်။

နူညံ့အိစက်နေတဲ့ ခံစားမှုက လုံးဝကို အစစ်အမှန်ဖြစ်သည်။ခယ့်လန် ထိတ်လန့်တကြားနဲ့‌ ရှောင်လီကို စိတ်ထဲကနေ အသံကုန်အော်ဟစ်တော့သည်။

*ရှောင်လီ!!!! ရှောင်လီ!!!!!*

*ဟုတ်ကဲ့ ပြောပါ host*

*ရှောင်လီ မင်းအမှန်အတိုင်းပြော ငါစိတ်မဆိုးဘူးလို့ကတိပေးတယ် မင်းအမှားလုပ်မိတာမလား ငါမိန်းမကိုယ်ထဲရောက်နေတာ သွားမယ် ...သွားမယ် ခန္ဓာကိုယ်အမှန်ကို သွားကြစို့.....*

ရှောင်လီကတော့ သူ့host ကို ကြည့်ဘဲကြည့်နေလိုက်သည်။မနေ့ညက နောက်ဖြစ်လာမယ့် ပြဿနာ နောက်ရှင်းမယ်လို့ ဘယ်သူပြောတာလဲ။အခုတော့သူ့ခေါင်းပေါ်လာပုံနေတယ် ဟွန့်....

*အောက်ငုံကြည့်လိုက်ပါအုံး host*

ခယ့်လန်လည်း ကြောင်တောင်တောင်နဲ့ စောင်မကြည့်လိုက်တော့ သူ၏အဖိုးတန် အမျိုးမှန် ရွှေချိုးလေးက နှုတ်ဆက်ပြနေသည်။ခယ့်လန်လည်း အတွေးပေါက်လာ၍ သူ့လက်ကို ဆန့်ကာ အောက်ဖက်ကို စမ်းကြည့်လိုက်သည်။

ထင်သည့်အတိုင်းပင် သူ့မူလကိုယ်ကဲ့သို့ပင် ပန်းပွင့်လေးက လက်ဆောင်ပါနေလေသည်။မဟုတ်ဘူး!!!မဟုတ်ဘူး!!!! ဒီကိုယ်က ရွှေတောင်မို့မို့နှစ်လုံးပင် အဆစ်ပါသေးသည်။ကြည့်ရတာ နို့နှစ်လုံးသည်လည်း ဖွံ့ဖြိုးလာပုံပင်။

ကမ္ဘာကူးပြောင်းပြီး ကောင်ချောလေးတွေကို အပိုင်သိမ်းမယ်Where stories live. Discover now