ခယ့်လန်တစ်ယောက် အိမ်ပြန်ရောက်တာနဲ့ ရေချိုးလိုက်သည်။ ထို့နောက် ညအိတ်ဝတ်အပြာနုလေးဖြင့် သန့်ရှင်းချောမောနေသည်။ ညစာကိုတော့ ရိုးရိုးရှင်းရှင်း သာချက်လိုက်ပြီး ရှောင်လီနဲ့အတူတူသာစားလိုက်သည်။
"စားလို့ဝသွားပြီ ကောင်းလိုက်တာ"
*Host လက်ရာကအရမ်းကောင်းတာဘဲ နောက်လည်းချက်ကျွေးနော် *
"ဂုန်းဆင်းမယ်ဆိုတာကြီးဘဲနော် ငါ့ကိုတော့ဘာမှမကူရသေးဘဲနဲ့ "
မျက်နှာချိုလေးနဲ့ ရှောင်လီမှာတော့
*Host ကဒီလောက်တော်တာကို ကျွန်တော်ကူစရာတောင်မလိုဘူး....ဟုတ်တယ်မလား....*
"သိရင်ပြီးရော"
ထို့နောက်အိပ်ရာထဲသွားကာ သူတို့အဖွဲ့ group chat ထဲဝင်လိုက်သည်။
ကျင်းဖန်: နက်ဖြန်ကျရင် မနက်ကို ဟွားအာ လူရွေးပွဲသွားဖြေမယ် ကျန်တဲ့သူတွေကို ပြီးရင် ဗီလာမှာ လာကြိုမယ် ညနေပိုင်း မနေ့ကကျန်တဲ့ MVကိုဆက်ရိုက်ရမယ်
စာပို့ပြီးတာနဲ့ တစ်ခါတည်းအိပ်ရာဝင်လိုက်တော့သည်။ အခုချိန်မှာ ဘာ mission မှ မစဉ်းစားနိုင်ဘူး။ပင်ပန်းတာတွေပေါင်းပြီး အိပ်ချင်တာဘဲသိတယ်။
နောက်တစ်ေန့ရောက်တော့ ဟွားအာကို ဝင်ခေါ်ကာ လူရွေးပွဲသို့ ချီတက်ခဲ့တော့သည်။
ကျင်းဖန်က အနီရောင် ခါးတိုလက်ရှည်နှင့် ဘောင်းဘီရှည်ကိုဝတ်ဆင်ထားသည်။ အင်ကျီလွှတ်နေသော ခါးသွယ်သွယ်ဖွေးဖွေးလေးမှာ အထင်သားဖြစ်နေသည်။ဆံပင်ရှည်များကို ကျစ်ဆံမြီး ကျစ်ကာ နောက်ဘက်တွင်ချ ထားလိုက်သည်။ခါးသေးသေး တင်လုံးလုံးနှင့် ကျင်းဖန်၏ နောက်ကျောအလှမှာ ပုရိသများအတွက်သရေယိုချင်စရာအတိ။
အန်းထောင်ဟွားကလည်း အဖြူရောင် suit နှင့်ရှင်းသန့်ကာ မျက်နှာလှလှလေးကို ထင်ပေါ်စေသည်။နေခြည်လို နွေးနွေးထွေးထွေး အပြုံးလေးက ဆယ်ကျော်သက်ကောင်မလေးများသာမက အန်တီကြီးများ၏ အသည်းကို ကိုင်လှုပ်ခဲ့သော အစွမ်းထက်လွန်းသည့် လက်နက်ဖြစ်သည်။ထို့ပြင် ဇာတ်လိုက်ရောင်ဝါနှင့် ထိုကောင်လေးမှာ မိုးပေါ်က နတ်သားလေးကဲ့သို့ ထင်မှတ်မှားစေသည်။

YOU ARE READING
ကမ္ဘာကူးပြောင်းပြီး ကောင်ချောလေးတွေကို အပိုင်သိမ်းမယ်
Romanceအပျော်တမ်း အပျင်းပြေ"+"onlyပါ #crd cover photo