(A/N-system space မှာနှစ်ယောက်ထဲရှိတဲ့အချိန်ဆို "...."ဒီလိုဘဲရေးပါမယ် missionလုပ်တဲ့ချိန် စိတ်ထဲကပြောရင် *.....*ဒီလိုလေးသုံးသွားပါမယ်နော်)
"Welcome back ပါ host ရေ!!!!! "
"Hi မတွေ့တာကြာပြီနော် ရှောင်လီ "
"ကျွန်တော်တို့ ဆီမှာ ခဏဘဲရှိပါသေးတယ်host ဒီ space ထဲမှာနဲ့ ဟိုမှာ အချိန်ကွာခြားချက်ရှိပါတယ် ဒါနဲ့ ပြီးခဲ့တဲ့ဘဝမှာ ကျွန်တော်က host အတွက် အကူအညီရပါသလားခင်ဗျား"
ရုတ်တရက်ကြီး အကန်တွေမပြောဘဲ ယဉ်ကျေးလာသော ရှောင်လီကြောင့် ထူးဆန်းသွားရသည်။
"အင်း...မဆိုးပါဘူး"
"ဒါဆို host ကျေနပ်ရဲ့လားဟင်"
ဘလင်းဘလင်းထနေသော မျက်လုံးကြီးနဲ့ စိုက်ကြည့်နေသောကြောင့် ရှောင်လီကို ဖျစ်ညစ်ချင်စိတ်ကို မနည်းထိန်းနေရသည်။အကန်တွေမပြောတဲ့အချိန်ဆို စောက်ရမ်းချစ်ဖို့ကောင်းတဲ့ ရှောင်လီပါ။
"အွန်း... ကျေနပ်ပါတယ် ဘာဖြစ်လို့လဲ"
"ဟီးဟီး....ဒါဆို ကျွန်တော့်ကို 5 stars ပေးဖို့မမေ့နဲ့နော် "
"ဟမ်..."
ရုတ်တရက်ဆိုတော့ ဘာပြောချင်မှန်း ခယ့်လန် ချက်ချင်းမပေါက်ပေ။
"Host ကလည်း ကျွန်တော်တို့လည်း အဆင့်သတ်မှတ်ပေးထားတယ်လေ host 10ယောက်ဆီက 5 stars ရရင် လိုချင်တဲ့ ဆန္ဒတစ်ခုကို system ဌာနချုပ်က ဖြည့်ဆည်းပေးတယ်လေ "
ခယ့်လန်လည်း ရှောင်လီ၏ အဖြေကြောင့် ခဏလောက်အံ့အားသင့်သွားရသည်။
"ဒါဆို မင်းက ဘယ်နှခုလိုသေးတာလဲ"
"ဒါက လျှို့ဝှက်ချက်ပါ host အရင်စီနီယာတွေတုန်းက ဒီလိုကိစ္စတွေ ပြောပြမိတော့ တချို့ host တွေက ဒီကိစ္စကို ခုတုံးလုပ်လာကြတာလေ ဒါကြောင့် ဌာနချုပ်က ဒီအဆင့်သတ်မှတ်ချက်ကို လျှို့ဝှက်ချက်အဖြစ်ထားစေခဲ့တာ"
"အင်း...နားလည်ပြီ ရှောင်လီ အခုပေးရမှာလား"
"မဟုတ်ဘူး host mission တွေအကုန်ပြီးရင်ပါ"
"အေးအေး"
Host တစ်ယောက်နဲ့ system မြေခွေးလေးတစ်ကောင် တစ်ယောက်ကို တစ်ယောက် စိုက်ကြည့်နေကြသည်။
YOU ARE READING
ကမ္ဘာကူးပြောင်းပြီး ကောင်ချောလေးတွေကို အပိုင်သိမ်းမယ်
Romanceအပျော်တမ်း အပျင်းပြေ"+"onlyပါ #crd cover photo