နှစ်နှစ်တစ်ကြိမ်ကျင်းပသော ဂိုဏ်းသားအသစ်ရွေးချယ်ပွဲကို အနယ်နယ်အရပ်ရပ်က အထက်တန်းစားသခင်လေးများသာမက ကျင့်ကြံခြင်းကို စိတ်ဝင်စားသော သာမန်လူတန်းစားများကလည်း လာရောက်ရွေးချယ်ခံကြသည်။
ထိုလူများထဲတွင် ကျောက်မင်လျန်လည်း ပါလေသည်။သူ့ကို တွေ့ဖူးသူကလည်းများများစားစားမရှိတော့ ထွေထွေထူးထူး ရုပ်ဖျက်မနေတော့ဘူး။
ထိုနေ့ညက အလှလေးက မနက်ရောက်တော့ ဘယ်ထွက်ပြေးသွားမှန်းမသိလိုက်ပေ။ သို့သော် သူ့အိပ်ရာပေါ်တွင် ဂိုဏ်းတံဆိပ်ပြားကျန်ခဲ့၍ ခန့်မှန်းလိုက်ခြင်းပင်။
ဒုန်း...ဒုန်း....
စည်တီးသံကျယ်ကျယ်လောင်လောင်ကြောင့် လူအများတိတ်ဆိတ်သွားကာ အရှေ့စင်ပေါ်သို့ ကြည့်လိုက်ကြသည်။
"ဂိုဏ်းချုပ်နဲ့ မင်ယွဲ့ဓားသခင်ကြွလာပါပြီ"
ထို့နောက်စင်ပေါ်သို့ ခန့်ညားတည်ငြိမ်သောလူတစ်ယောက် နဲ့ လှပသောမိန်းမပျိုတစ်ယောက် အရင်ရောက်လာသည်။
ထိုသူများမှာ ဇာတ်လိုက်နှင့် ဇာတ်လိုက်မပင်။
ခယ့်လန်တစ်ယောက်ကတော့ မနေ့ကနောက်ကျမှအိပ်ခြင်းကြောင့် မျက်ကွင်းများညိုကာ မနည်းထလာရသည်။ဝတ်ရုံ စိမ်းပြာနုရောင်ကို ဖြစ်သလိုဝတ်လာပြီး ဝါးပင်ပေါက်စလေးများ ချည်ထိုးထားသော ပဝါကို မျက်နှာတဝက်ကာထားသည်။
"အခမ်းနားစတင်ပါပြီ..."
ဒုန်း...ဒုန်း...
"ပြိုင်ပွဲပုံစံကတော့ ကြွရောက်လာကြသော လူကြီးမင်းများ မဲနှိုက်ပြီးနှစ်ေယာက်တစ်တွဲပြိုင်ရမှာဖြစ်ပါတယ် နောက်ဆုံးကျန်တဲ့ ငါးယောက်ကိုဘဲရွေးမှာဖြစ်ပါတယ် ထိပ်ဆုံးနှစ်ယောက်က်ိုတော့ ဂိုဏ်းချုပ်နဲ့မင်ယွဲ့ဓားသခင်ရဲ့တိုက်ရိုက်တပည့်အဖြစ် လက်ခံမှာဖြစ်ပါတယ် "
ထို့နောက်ပြိုင်ပွဲကိုစတင်လိုက်တော့သည်။
ခယ့်လန်တော့ အိပ်ချင်တာဘဲသိတယ် ။မလာရင်လည်း နတ်ဆိုးဘုရင်က ဇာတ်လိုက်မရဲ့ ရှောင်ရှစ်တိေလး ဖြစ်သွားမှာဆိုးရသေး။နတ်ဆိုးဘုရင်လာမယ်မှန်းတော့ ခယ့်လန်သိသည်။ဘာလို့ဆို သူသဲလွန်ဆချန်ခဲ့သည်လေ။

YOU ARE READING
ကမ္ဘာကူးပြောင်းပြီး ကောင်ချောလေးတွေကို အပိုင်သိမ်းမယ်
Romanceအပျော်တမ်း အပျင်းပြေ"+"onlyပါ #crd cover photo