ဟေးယန်လိန့်၏ ဆွဲခေါ်ရာနောက်သို့ လိုက်လာရင်း စိတ်ထဲကနေ ရှောင်လီကို မေးလိုက်သည်။
*ရှောင်လီ သူတို့က အန်းထောင်ဟွားကို ဖွင့်ပြောပြီးပြီလား ???*
*မပြောရသေးပါဘူး မူရင်းဇာတ်ကြောင်းအတိုင်းဆိုရင်တော့ အန်းထောင်ဟွားရဲ့ မွေးနေ့မှာမှ ဖွင့်ပြောကြမှာ*
*အင်း သိပြီ...*
ဟေးယန်လိန့်က ခယ့်လန်ကို ကားပါကင်ရောက်သည်အထိ ဆွဲခေါ်လာခဲ့သည်။
ခယ့်လန် လည်းသူ့လက်ကို ဆွဲဖြုတ်ကာ အေကြာင်းရင်းမရှိ ဇွတ်ဆွဲေခါ်လာေသာ ဟေးယန်လိန့်ကို မကြည်ကြည့်ဖြင့် ကြည့်ပေးလိုက်သည်။ တစ်ဆက်တည်း ပတ်ဝန်းကျင်ကို ကျီးကန်းတောင်းမှောက်ကြည့်ကာ စစ်ဆေးလိုက်သည်။
ဘယ်လိုဘဲ ဖြစ်ဖြစ် အခုဆို IF ကပွဲဦးထွက်ထားတာမကြာသေးပေမဲ့ ချမ်းသာသော သခင်ေလးများဖြစ်သည့်အပြင် ကျောင်းတက်တုန်းကလည်း ရုပ်ရည်ချောမောသော သူများဖြစ်၍ fan အရေအတွက်ကတော့ မနည်းပေ။ သူ့တို့အဖွဲ့အကြောင်း သတင်းလိုက်နေသူများမရှိဟု မဆိုလိုပေ။
"ဘာပြောစရာရှိလို့လဲ ဒီအထိဆွဲခေါ်လာရအောင်က ကိုယ်တို့ အလုပ်ရှိသေးတယ်လေ"
ဟေးယန်လိန့်က အတော်ကြာဘာမှ မပြောဘဲနေနေတာကြောင့် ခယ့်လန်ဘက်ကစကားစလိုက်သည်။
"ကျင်းဖန်....ခင်ဗျားအရှက်မရှိဘူးလား....."
"........."
ခယ့်လန်မှာ တစ်ဖက်သူကို ကြောင်ကြည့်ကာ ပြောစရာ စကားမရှိတော့လောက်အောင်ကို ဆွံ့အသွားသည်။သူဒီနေ့ တနေကုန် ဟေးယန်လိန့်ကိုလည်း ပြဿနာမရှာပါဘူး။
"ခင်ဗျားက အရင်တုန်းကတော့ ကျွန်တော့်ကိုဘဲ ချစ်လှချည်ရဲ့ဆိုပြီး ကပ်တွယ်နေတာ မဟုတ်လား ...ဟင် အခုတော့ ကျွန်တော့်ကို မရမှန်းသိတော့ မြှားဦးကို တခြားသူဘက်လှည့်ပြီး မြူဆွယ်နေတာလား ခင်ဗျား..."
ခယ့်လန်မှာ ဟေးယန်လိန့်၏ စကားများကို နားမလည်တော့ပေ။သူဘယ်သူ့ကိုမှ မမြူဆွယ်ရပါဘူးနော်.... ။
ဟေးယန်လိန့်ကတော့ သူ့စကားများကို မကြားသလို လုပ်ကာ ရှေ့တိုးလာသော ကျင်းဖန်ကို ကြည့်ကာနောက်ဆုတ်ရင်း နံရံနဲ့ကျော ကပ်သွားလေသည်။ ကျင်းဖန်မှာ သေးသွယ်သော်ငြား အရပ်ရှည်တဲ့ အထဲတော့ပါသည့်အတွက် ဟေးယန်လိန့်၏ နားအောက်ထိတော့ရှိသည်။

YOU ARE READING
ကမ္ဘာကူးပြောင်းပြီး ကောင်ချောလေးတွေကို အပိုင်သိမ်းမယ်
Roman d'amourအပျော်တမ်း အပျင်းပြေ"+"onlyပါ #crd cover photo