Chapter-10

4.3K 143 2
                                    

"အား!!!!!!!!!!"

မိန်းကလေးတစ်ယောက်၏ စူးစူးဝါးဝါး အော်သံကြောင့် ဘေးနား အဆောင်ငယ်လေးများတွင် တည်းခိုနေကြသော ကျင့်ကြံသူများနှင့် ပြိုင်ပွဲဝင်များ ရောက်လာကြသည်။

တစ်ကိုယ်လုံးတုန်နေသော မိန်းကလေးအား

"မိန်းကလေး ဘာဖြစ်တာတာလဲ???"

"လူသေ...လူသေတွေ အများကြီးဘဲ.."

မိန်းမငယ်လေးက ကြောက်ကြောက်ရွံရွံ နဲ့ပြောရှာသည်။

ကျန်သူများအထဲဝင်ကြည့်လိုက်သောအခါ ဝတ်လစ်စလစ်နဲ့ သန်မာထွားကျိုင်းပုံရသော ယောက်ျားငါးယောက်သည် အရိုးပေါ်အရေတင် အသားအရေများ ညိုးနွမ်းခြောက်ခမ်းသည်အထိ စုပ်ယူခံထားရကာ ပါးရိုးများ ငေါ်ထွက်နေပြီး မျက်တွင်းဟောက်ပက်နဲ့ သေဆုံးနေကြသည်။

ကြည့်ရှုနေသူများအားလုံး လေအေးတစ်ရှိုက် ရှုလိုက်မိကြသည်။

"ခဏလောက်ဘေးဖယ်ပေးကြပါအုံးရှင့် ကျွန်မတို့နေရာမှာဖြစ်သွားတဲ့အတွက် လူတိုင်းကို ကျေနပ်စေမဲ့ ဖြေရှင်းချက်ပေးမှာပါ ကျေးဇူးပြု၍ စိတ်အေးအေးထားကြပါရှင့်"

ဆည်‌လည်းလေးလို ချိုမြိန်တဲ့ အသံလေးကြောင့် စိုးရိမ်နေသူများအားလုံး အနဲငယ်စိတ်အေးသွားကြသည်။

"မေ့မေ့ကျဲ ဒါဘာဖြစ်တာလဲဟင်"

"ကျွန်မအမြင်အရတော့ မိစ္စာတွေလက်ချက်ဘဲဖြစ်လိမ့်မယ် ဘာမိစ္စာလဲဆိုတာ လူကြီးမင်းတို့ ဆုံးဖြတ်ပေးကြပါအုံး"

ကျန်းမေ့ယောင်က အဆင့်အတန်းမြင့်ပြီး တတ်သိနားလည်သော ဂိုဏ်းချုပ်တချို့ကို ဖိတ်ခေါ်လိုက်သည်။

"ကျွန်ုပ် အထင်တော့ မြေခွေးမိစ္စာဖြစ်လောက်မယ်နော် "

"ခင်ဗျား ပြောတာလဲမှန်ပေမယ့် ဒီအခြေအနေထိရောက်ရလောက်အောင်တော့ သူတို့လုပ်တာ မမြင်ဖူးဘူး"

"မိစ္စာပါဆို ပြောလို့ရမလား ခင်ဗျားက သူတို့ဘက်ဝင်ပြောနေတာလား"

"ဟ! ကျွန်ုပ်လည်း အကျိုးသင့်အကြောင့် စဉ်းစားနေတာဘဲလေ သက်သက် မစွပ်စွဲနဲ့ "

ကမ္ဘာကူးပြောင်းပြီး ကောင်ချောလေးတွေကို အပိုင်သိမ်းမယ်Where stories live. Discover now