Chapter-4

4.7K 147 0
                                    


ခယ့်လန်တစ်ယောက် တစ်ပတ်တိတိ စားလိုက်အိပ်လိုက်ဖြင့် အားမွေးပြီးနောက် တောင်အောက်ဆင်းဖို့ ဆုံးဖြတ်လိုက်သည်။တောင်အောက်ဆင်းခြင်းဖြင့် အပျော်အပါးကြိုက်သော နတ်ဆိုးဘုရင်နှင့် တွေ့ဖို့ အခွင့်အရေးပိုများလေဖြစ်သည်။

သူလည်း ရှေးခတ်က ကောင်ချောလေးတွေကိုလိုက် ငမ်း..အဲလေ လိုက်ကြည့်မည်လေ။ခယ့်လန်က‌ေတာ့ သူ့အကြိုက်တွေ့ပြီး အဆင်ပြေရင် အိပ်ရာထဲ လူးလိမ့်ဖို့ထိပါတွေးထားလိုက်ပြီဖြစ်သည်။

ခယ့်လန် အတွက်လည်း အဆင်ပြေသလို သူ့ခန္ဓာကိုယ်ရဲ့လိုအပ်သော ယန်ဓာတ်ကိုလည်း တစ်ခါတည်း စုပ်ယူလိုက်မည်။သူ့အတွက် အကျိုးယုတ်တာမှ မဟုတ်တာ။

ခယ့်လန် တောင်ပေါ်ကနေ နေရာကူးပြောင်းရေး အစီအရင်ဖြင့် တောင်ခြေရောက်လာခဲ့သည်။

*တောင်ခြေ‌တော့ရောက်ပြီ ‌ေရှာင်လီ ဘယ်သွားရမလဲ*

*အကြံပေးရရင်တော့host တောင်ခြေကနေ 10မိုင် အကွာမှာရှိတဲ့ မြို့တော်ကိုသွားသင့်ပါတယ် အဲ့နေရာကပိုစည်ပြီး အရမ်းလည်းလှတယ်host*

ခယ့်လန်တော့အရမ်းစိတ်လှုပ်ရှားနေသည်။ အခု သူက ရှေး‌ေခတ်ညဈေးကို အလည်အပက် သွားရတော့မှာမဟုတ်လား။

*ရှောင်လီ ဒီလောက်အဝေးကြီး လမ်းလျှောက်သွားရမှာလား???*

*Hostကလည်းတုံးရန်ကော...ကျင့်ကြံရေးလောကပါဆို ဓားပျံစီးသွားမှာပေါ့ hostမှာဓားရှိတယ်လေ...
*

*ငါမှမစီးတက်တာ*

မျက်နှာငယ်လေးနဲ့ပြောလာသော သူ့hostကို ကြည့်ပြီးရှောင်လီစိတ်ကုန်ချင်လာသည်။

*မူလကိုယ်က သိုင်းအရမ်းတော်တဲ့သူဆိုတာ မမေ့ပါနဲ့ hostရယ်*

*ငါရောတတ်သွားမှာလားဒါဆို*

ရှောင်လီကခေါင်းညိမ့်ပြလာသည်။သူ့systemလေးကို ယုံလိုက်ပါမယ်လေ။
.
.
.
.
.
.
.
*ဝေါ့....အော့...ဝေါ့.....*

ရင်ဘတ်ထုရင်း တဝေါ့ဝေါ့ အန်နေသော သူ့hostကို ကြည့်ပြီး အရင်က သုံးလောကနတ်ဘုရားလို့ ပြောဖူးတဲ့ သူ့ကိုယ်သူပဲ သွားရိုက်လိုက်ချင်သည်။

ကမ္ဘာကူးပြောင်းပြီး ကောင်ချောလေးတွေကို အပိုင်သိမ်းမယ်Where stories live. Discover now