Chapter-12

3.8K 133 3
                                    

ပုစဉ်းရင်ကွဲသံနှင့် ပိုးကောင်ငယ်လေးများ၏ အော်မြည်သံများကြား တိတ်ဆိတ်သော ညလယ်ခေါင်တွင် ကောင်ငယ်လေးတစ်ယောက်၏ အသံရှူသံဖျော့ဖျော့နှင့် လူနှစ်ဦး၏ စကားသံတိုးတိုးသာ ကြားနေရသည်။

ကုတင်ပေါ်တွင် အသက်ရှူသံမှန်မှန်နှင့် အိပ်ပျော်နေသူမှာ ခယ့်လန်ဖြစ်ပြီး စကားပြောနေကြသော လူနှစ်ဦးမှာ ကျန်းရဲ့ချန်နှင့် ကျောက်မင်လျန်ဖြစ်သည်။

နှစ်ဦးသား၏ ပြောဆိုနေပုံမှာ အလွန်ရင်းနှီးကျွမ်‌းဝင်နေသည့်နှယ်။

"မင်း ဘယ်ချိန်ပြန်မှာလည်း မင်လျန်"

တိတ်ဆိတ်နေသော ပတ်ဝန်းကျင်ကို ဦးစွာဖြိုခွင်းလိုက်သူမှာ ရဲ့ချန်သာ။မဟုတ်ရင် ထိုသူသည် အဆုံးထိ မသိချင်ယောင်ဆောင်နေမည့်ဟန်။

"ဘာကိုလဲ ကော "

"ပြောစရာလိုသေးလို့လား မင်းကိုယ်တိုင်သိမှာပေါ့"

မင်လျန်သည် ဓားသွားလို ဖြောင့်သန်းနေသော မျက်ခုံးကို အနည်းငယ်ပင့်လျက် မျက်လုံးများက အလွန်လေးနက်လာကာ စောစောက ပေါ့ပေါ့ပါးပါး ပျော်စေပျက်စေ ပုံစံမှ အတည်ပေါက်ဖြင့် လေးလေးနက်နက် ပြောလာသည်။

"ကော အတည် တစ်ဘဝလုံး တစ်ယောက်တည်းဘဲ မပြောင်းလဲဘူး"

ရဲ့ချန်သည် သက်ပြင်းတစ်ချက်ချလိုက်ရင်း သူ၏ ညီ‌ဆိုးလေးကို ကြည့်နေလိုက်သည်။ တစ်ခါတစ်ခါ တွေ့ဖို့ကလည်းမလွယ်ဘူးမလား။ ရန်ဖြစ်ရင်းနဲ့လည်း အချိန်မကုန်ချင်ပေ။

သူတို့နှစ်ယောက်သည် ဖ‌ေအတူမအေကွဲ ညီအစ်ကိုများဖြစ်ကြသည်။ သူသည် မြင့်မြတ်သော နတ်ဆိုးသွေးနှင့် လူသားပေါင်းစပ်၍ မွေးဖွားလာသည်။မင်လျန်၏ အမေကတော့ နတ်ဆိုးမျိုးနွယ်ဝင်ဖြစ်ပြီး သူ(မင်လျန်)သည် မြင့်မြတ်သော နတ်ဆိုးသွေးမျိုးဆက် စစ်စစ်ဖြစ်သည်။

သူ(ရဲ့ချန်)သည် သူ့အဖေနှင့် အမေတို့၏ အမှားတစ်ခုသာ ဖြစ်ပြီး သူ့အမေ မသေခင်ကတည်းက သူ့ညီလေး မင်လျန်နှင့်ရင်းနှီးခဲ့သည်။သူ၏ မိခင် ဆုံးပြီးနောက်တွင် အဖေဆိုသူလည်း ထပ်မပေါ်လာတော့ပေ။သို့သော် မင်လျန်နဲ့တော့ ရင်နှီးဆဲပင် အခင်အမင်လည်းမပျက်ဘဲ တစ်ယောက်ကိုတစ်ယောက်ချစ်ခင်ကြသည်။

ကမ္ဘာကူးပြောင်းပြီး ကောင်ချောလေးတွေကို အပိုင်သိမ်းမယ်Where stories live. Discover now