Chapter-7

4.8K 136 0
                                    

အာ့....ကျွတ်စ်.....

အောက်ပိုင်းတစ်ခုလုံးလည်း ပူထူကာ ဘာမှမခံစားရတော့သလို နာကျင်လှသည်။ သို့သော် နာကျင်မှုနဲ့ သာယာမှုရောနေသော ခံစားချက်ကို ခယ့်လန် အလွန်ကြိုက်သည်။

စိတ်တွေပေါ့ပါးလန်းဆန်းကာ တက်ကြွနေသည်။ခန္ဓာကိုယ်ရဲ့ အလိုအလျောက်ကုသနိုင်စွမ်းကနှေးပေမယ့် ထိရောက်သည်။

.
.
.
.
ခယ့်လန်ကိုယ်ပိုင်ခြံဝန်းထဲရောက်ရောက်ချင်း ကံမကောင်းစွာ ဇာတ်လိုက်မနဲ့သွားတိုးလေသည်။

"ရှစ်ရှုကို ဂါရဝပြုပါတယ်"

"အင်း..ရပြီ"

"ရှစ်ရှု လည်ပင်းက အနီကွက်တွေက ဘာလဲ ဘယ်သွားခဲ့တာလဲ????"

ကောင်းလိုက်တဲ့အမြင် ဒီလောက်ဖုံးထားတာတောင်မြင်တယ်။

"ဘာမဟုတ်ပါဘူး ...ဒီတိုင်းအကောင်ကိုက်တာနေမှာပါ ..စိုးရိမ်ပေးလို့ကျေးဇူးပါမေ့မေ့
...ဒါဆိုအရင်သွားနှင့်မယ်နော်"

ဒီကောင်တော့ဘယ်သူ့ကို လာလိမ်နေတာလဲ ဒါတွေက တစ်ယောက်ယောက်နဲ့ ချစ်ထားလို့ဖြစ်လာတာတွေဘဲလေ။ဒါကြောင့်ဒီအတောအတွင်း ပိုပြီးသက်သာလာပါလားလို့ တောင်အောက်ဆင်းပြီး တခြားယောက်ျားတွေနဲ့သွား ပလူးနေတာနေမှာပေါ့။

မဖြစ်ဘူး !!!သူသေမှဖြစ်မယ် ဒါမှအ‌မြုတေကို သူမပိုင်မှာ တခြားနည်းလမ်းပြောင်းရမယ်။

ကျန်းမေ့ယောင် အံကြိတ်လျက်လှည့်ပြန်သွားသည်။သူမ ဆရာကို သွားပြောရမယ်။ဒီလို အကျင့်ပျက်နေတဲ့ကောင်ကို ဂိုဏ်းကနေမောင်းထုတ်ပစ်ရမယ်။

ဒေါက်...ဒေါက်...

"ရှစ်ဖူ တပည့်မေ့ယောင်ဝင်ခွင့်တောင်းပါတယ်"

"ဝင်ခဲ့..."

စာရေးစားပွဲခုံတွင် ဂိုဏ်းချုပ်ဖြစ်တဲ့ဇာတ်လိုက် ကျန်းရဲ့ချန်သည် စုတ်တံတစ်ချောင်းကိုင်ကာ လက်ရေးလှလေ့ကျင့်နေသည်။ကိုယ်ဟန်အမူအရာက တည်ငြိမ်အေးချမ်းကာ ကျော့ရှင်းနေသည်။

"ဘာကိစ္စလဲ"

"ဟို..မေ့မေ့ဘယ်လိုပြောရမလဲတောင်မသိတော့ပါဘူး"

ကမ္ဘာကူးပြောင်းပြီး ကောင်ချောလေးတွေကို အပိုင်သိမ်းမယ်Where stories live. Discover now