ခယ့်လန်နိုးလာတော့ ညတောင်ရောက်နေပြီဖြစ်သည်။
တစ်ကိုယ်လုံးနာကျင်နေပေမဲ့ သူ့အသိစိတ်က ပုံမှန်ထက်ကို ရှင်းလင်းနေသည်။ အခုရောက်နေတာလဲ ရှန့်ယွင်ဖုန်း၏ ဗီလာမှန်း ခန့်မှန်းမိပြီးသားပင်။"နိုးပြီလား~~"
ဩရှကာ စိတ်ကျေနပ်နေပုံရသော အမျိုးသား၏ ဆွဲဆောင်မှု ရှိလှသော အသံတစ်ခုက ခယ့်လန်၏ ပြန့်ကျဲနေသော အတွေးများကို ပြန်ဆွဲခေါ်လာသည်။
ခယ့်လန်လှည့်ကြည့်လိုက်တော့ တံခါးဘောင်ကို ကိုယ်တစ်ခြမ်းမှီကာ လက်ပိုက်၍ရပ်နေသော အမျိုးသားက မျက်လုံးနက်နက်များထဲရှိ အပြုံးရိပ်များကို ဖုံကွယ်မထားဘဲ ခယ့်လန်ကိုစိုက်ကြည့်နေသည်။
ခယ့်လန်လည်းအိပ်ရာမှ ထရန်ပြင်လိုက်တော့ ထိုအမျိုးသားက ခပ်သွက်သွက်လျှောက်လာကာ လာထူပေးသည်။ နောက်ကျောဘက်တွင် ခေါင်းအုံးနှစ်လုံးဆင့်ခံကာ မှီ၍ထိုင်စေသည်။
"ရေသောက်ချင်တယ်~~~"
အခုချိန်တွင် ခယ့်လန်၏ ကိုယ်ပေါ်၌ မူလဝတ်ဆင်ထားသော ဆက်ဆီကျလှသည့် အနီရောင်ဝတ်စုံမဟုတ်တော့ဘဲ အနက်ရောင် ပိုးသားညအိပ်ဝတ်စုံက နေရာယူထားလေသည်။
ခယ့်လန်သည် သူ့အတွက် ရေငှဲ့ပေးနေသော အမျိုးသား၏ လက်တစ်စုံကိုသာ မျက်စိရောက်နေသည်။ထိုလက်များသည် နေ့လည်ခင်းက သူ့ပန်းပေါက်လေးကို ကစားခဲ့ကာ သူ့နို့လုံးလေးတွေကို အကြမ်းပတမ်းဆုပ်နှယ်ခဲ့သေးသည်။ ခုချိန်လောက်ဆို သူ့တင်ပါးလေးနှင့် နို့လုံးလေးများသာမက သူ့ခါးသွယ်သွယ်နှင့် ပေါင်တံများ၊ခြေထောက်များတွင် လက်ဆစ်များထင်ရှားကာ ရှည်လျားပုံရသော ထိုအမျိုးသား၏ လက်ချောင်းရာများကျန်နေခဲ့ပေလိမ့်မည်။
ထိုသည်ကို စဉ်းစားမိတော့ ခယ့်လန်၏ မျက်နှာတစ်ခုလုံး ရှက်သွေးများ ဖြန်းကနဲရဲတက်လာကာ အကြည့်ကို ခပ်မြန်မြန်လွဲလိုက်ရသည်။
ရေသောက်ပြီးနောက် ခယ့်လန်သည် အိမ်ပြန်ဖို့ရန် လမ်းကြောင်းစလိုက်သည်။
"ကျွန်တော်ပြန်တော့မယ် နက်ဖြန်ရိုက်ကွင်းရှိသေးတယ် နောက်ပြီး ဒီကိစ္စကို လျှို့ဝှက်ထားပေးပါ Boss..... "
YOU ARE READING
ကမ္ဘာကူးပြောင်းပြီး ကောင်ချောလေးတွေကို အပိုင်သိမ်းမယ်
Romanceအပျော်တမ်း အပျင်းပြေ"+"onlyပါ #crd cover photo