Chapter-11

3.9K 134 2
                                    

"ရှစ်ရှုန်း ဘယ်လိုထင်လဲ"

"မိစ္ဆာက တော်တော် အတွေ့အကြုံရှိတဲ့ ပုံစံမျိုးဘဲ"

ခယ့်လန်တို့ သုံးယောက် အိပ်ရာပေါ်တွင် ကျေနပ်အောင် လူးလိမ့်ပြီးနောက်မှ အခင်းဖြစ်ပွားရာ နေရာသို့ ရောက်လာခြင်းပင်။

"ပျံနှံနေတဲ့ ကောလဟာလတွေနဲ့ ဒီလူသေမှုကို ဆက်စပ်ကြည့်ရင် ကလေးကို ညွှန်ပြနေတာမဟုတ်လား"

မင်လျန်၏ အသံကြားမှ ရဲ့ချန်တစ်ယောက် သူ့နဲ့ မင်လျန် အရင် တစ်ယောက်ရှိသေးတာကို မှတ်မိသွားသည်။

"ရှောင်ပိုင် အဲ့တုန်းက တစ်ယောက်က ဘယ်သူလဲ????"

ရှောင်ပိုင်က မျက်နှာများနီရဲကာ မင်လျန်ကို ခိုးခိုးကြည့်နေသောကြောင့် ရဲ့ချန် ရင်ထဲမှာ ခန့်မှန်းမိလိုက်လေပြီ။မနာလိုစိတ်များက တစ်ဟုန်ထိုးတက်လာကာ ဘေးပတ်ဝန်းကျင်တွင် ရှာလကာရည်နံ့များ မွှန်ထူသွားသည်။

"အဲ့...အဲ့တာက ကောကောပါ ရှစ်ရှုန်း"

ဇာတ်လိုက်ကတော့ အမှုအကြောင်းပြောနေရင်း ဘာလို့ လမ်းချော်သွားတာလဲလို့......

အလုပ်ကို အလေးအနက်ထားပေးပါအုံး.… အိုကေ...

ခယ့်လန်၏ ဖြေသံကို ကြားပြီး မင်လျန်ကတော့ ရင်ကိုကော့ မေးကို‌ေမာ့ကာ ဂုဏ်ယူနေတဲ့ အပြုံးကြီးနဲ့ ရဲ့ချန်ကို ရန်စသလို ကြည့်လိုက်သည်။

ခယ့်လန်လည်းသတိထားမိလိုက်ပြီး မြန်မြန်ဝင်ပြောလိုက်သည်။

"ကောကော ...ရှစ်ရှုန်း....မိစ္ဆာကို အရင်ရှာရအောင်ပါ ဟုတ်ပြီလား...ဟင်...."

"ဟွန့်"×2

နှစ်ယောက်သားတစ်ယောက်ကို တစ်ယောက် နှာမှုတ်ကာ အဓိက အကြောင်းအရာကို အရင်ဦးစားပေးလိုက်သည်။

"အဲ့နေ့က ရှောင်ပိုင်ကို ကျန်းမေ့ယောင် အပြင် ဘယ်သူမြင်သေးလဲ"

"ဘယ်သူမှ မရှိတော့ဘူး ရှစ်ရှုန်း....ရှစ်ရှုန်းပြောချင်တာက ကောလဟာလတွေရဲ့ အရင်းခံက မေ့မေ့လို့လား???"

ခယ့်လန် တမင် မသိချင်ယောင်ဆောင်၍ မေးလိုက်သည်။

"ဖြစ်နိုင်ချေ အရှိဆုံးဘဲလေ ရှောင်ပိုင် အဲ့နေ့က သူမ ကိုယ့်ကို လာပြောပြတယ် ကိုယ်ဘာမှ မလုပ်လို့ သူမကိုယ်တိုင် သတင်းဖြန့်လိုက်တာဖြစ်မယ်"

ကမ္ဘာကူးပြောင်းပြီး ကောင်ချောလေးတွေကို အပိုင်သိမ်းမယ်Where stories live. Discover now