*ထတော့ host !!!!!!*
*ဘာလဲ ရှောင်လီရာ မနက်စောစောစီးစီး အော်နေတာ ကျက်သရေကိုမရှိဘူး *
ရှောင်လီခမျာ သူ့host၏ အပြောစကားကြောင့် ပေါက်ကွဲလာပြီဖြစ်သည်။
*Host!!!!!! များနေပြီနော် ကျွန်တော်နိုးနေတာ ဘယ်နှခေါက်တောင်ရှိနေပြီလဲ နေဖင်ထိုးတော့ဗျ host ကအလုပ်နဲ့အကိုင်နဲ့ဆိုတာလည်းသတိရအုံး အလုပ်ပြုတ်ရင် mission အတွက်ခက်ခဲသွားမှာနော် hostဘာသာ ကိုယ့်ကိုကိုယ့် ဘော့စ်လို့ထင်နေတာလားဗျာ*
ရှောင်လီ၏ ဒေါသတကြီး ပေါက်ကွဲသံစဉ်များကြောင့် ခယ့်လန်မှာ အိပ်ရာထဲ ထပ်မကွေးရဲတော့ပေ။
*ရှောင်လီ မင်းလေ ဟိုဟာနဲ့တူနေတယ်သိလား ??*
*ဘယ်ဟာလဲ* စိတ်ဆိုးနေသော်လည်း hostကို လျစ်လျူမရှုရဲသည့် ရှောင်လီလေးမှာ ပြန်ေမးလိုက်ရလေသည်။ တော်ကြာ ဝန်ဆောင်မှုမကောင်းလို့ဆိုပြီး ကြယ်မပေးမှာကစိုးရသေး။system ဘဝ လွယ်ကူမနေဘူး.....ဟူး........
*ငါ့အမေကြီးကျနေတာဘဲ....*
ထိုသို့ေပြာကာ ရေချိုးခန်းထဲပြေးဝင်သွားသော သူ့hostကို ကြည့်ကာ ရှောင်လီမှာ စိတ်ရှုပ်ထွေးသွားလေသည်။
သူပြောတာ ဘယ်နားက host အမေနဲ့တူတာလဲလို့!!!!!!!
ရေချိုးခန်းထဲက မှန်ကိုကြည့်ကာ ခယ့်လန်တစ်ယောက် သူ့ကိုယ်သူပစ်ကြွေချင်သွားလေပြီ။နှင်းတမျှ ဖြူေဖွးချောမွေ့လွန်းသော အသားအရည် ၊ လွန်းအိမ်သဏ္ဍာန် မျက်ဝန်းလေးနှင့် မျက်တောင်ရှည်ရှည်စင်းစင်းလေး၊ နှာတံမြင့်မြင့် နှာထိပ်လုံးလုံးလေးနှင့် သဘာဝအတိုင်းနီဆွေးနေသော ချယ်ရီရောင်နှုတ်ခမ်းဖူးဖူးလေးသည် အလွန်ချစ်စဖွယ်ကောင်းကာ ကိုက်စားချင်စရာကောင်းနေသည်။ထိုအလှကိုပံ့ပိုးပေးထားသည်မှာ ကျောလယ်ထိဖြောင့်ဆင်းနေသော ဆံနွယ်နက်နက်များဖြစ်သည်။
ပုံမှန်ဆို ထိုမျှလောက်လှလာမည်မဟုတ်သော်လည်း ခယ့်လန်ဝင်လာပြီးသည်နှင့် ရုပ်ရည်မြင့်တင်ခြင်းက အလိုအလျောက် စတင်လာသောကြောင့်ဖြစ်သည်။
ရေချိုးခြင်းကို အပြီးသတ်ကာ အဝတ်စားရွေးနေတော့သည်။ နောက်ဆုံးတော့ ရိုးရိုးရှင်းရှင်း ရှပ်လက်ရှည်သာ ရွေးလိုက်ရသည်။ မူလကိုယ်ကလည်း သူ့မူမမှန်မှုကို ဖုံးကွယ်ချင်တာကြောင့် ခပ်ပွပွ အဝတ်အစားများကိုသာ ရွေးချယ်ဝတ်ဆင်လေ့ရှိသည်။
YOU ARE READING
ကမ္ဘာကူးပြောင်းပြီး ကောင်ချောလေးတွေကို အပိုင်သိမ်းမယ်
Romanceအပျော်တမ်း အပျင်းပြေ"+"onlyပါ #crd cover photo