ခယ့်လန် ရှယွဲ့ဟွားထဲ ဝင်ဝင်ချင်း မြင်လိုက်ရတဲ့ ချောမောခန့်ညားလွန်း တဲ့ ယောက်ျားပျို ကြောင့် မှင်တက်သွားရသည်။
ဘယ်လိုတောင် ချောမောလွန်းတာလဲ။သူ့ကမ္ဘာက ရုပ်ရှင်စတားတွေထက်တောင် ပိုေချာသေးသည်။
အနက်နဲ့နီညိုရောင်စပ်ထားသည့် ဝတ်ရုံမှာ ရင်ဘတ်တစ်ဝက်လောက်ထိဟထားပြီး ချောမွေ့ကာ ဆွဲဆောင်မှုရှိသော ညှပ်ရိုးနှင့် တောင့်တင်းခိုင်မာလှသော ရင်ဘတ်ကြွက်သားများသည် ဝတ်ရုံအောက်မှ ရုန်းထွက်တော့မည့်နှယ် လှပလွန်းပေသည်။အောက်ဘက်ပိုင်းတွင် ခပ်ရေးရေးမြင်နေရသော ဗိုက်ကြွက်သား အမြောင်းအမြောင်းတို့ကြောင့် ခယ့်လန်တစ်ယောက် အပြေးလေးသွားလျက်ချင်စိတ်ကို မနည်းထိန်းနေရသည်။
ဘေးက ပန်းကလေးများ ၊လိပ်ပြာကလေးများကလည်း ခယ့်လန် နည်းတူ ထိုအမျိုးသား၏ ဆွဲဆောင်နိုင်လွန်းသော ေယာက်ျားဟော်မုန်းများကြား ရုန်းထွက်ဖို့ရန် ခက်ခဲလွန်းလှသည်။
*ရှောင်လီရေ...ငါတော့ပစ်မှတ်ကိုတွေ့ပြီ ဒီနေ့ညတော့ ရှေ့က ကောင်ချောလေးနဲ့ ပျော်ပစ်မယ်*
*အဲ့ဒါ နတ်ဆိုးဘုရင်ပါhost*
*ဟမ်!!!??*
အဲ့တာကြောင့်မို့ သောက်ရမ်းချောနေတာကိုး..
*နတ်ဆိုးဘုရင်တောင်ဒီလောက်ချောရင် ဇာတ်လိုက်ဆိုရင်ရော....*
စိတ်လှုပ်ရှားလိုက်တာ ။ခုချိန်ထိ ခယ့်လန် ဇာတ်လိုက်ကို မတွေ့ရသေးပေ။နတ်ဆိုးဘုရင်နဲ့ ပျော်ပါးချင်စိတ်ကို ခယ့်လန် လက်မလျှော့သေးပေ။
ခယ်လန် အတွေးထဲမျောနေချိန် ထိုယောက်ျားက ထွက်သွားပြီဖြစ်သည်။
.
.
.
.
."စားပွဲထိုး အကောင်းဆုံးဝိုင်နဲ့ နာမည်ကြီးဟင်းလျာတွေချပေး... "
"သခင်လေး မိန်းမလှလေးတွေမခေါ်တော့ဘူးလား"
"မလိုဘူး..."
သူ မိန်းကလေးတွေမကြိုက်ပါဘူးနော်။အရပ်ရှည်ရှည် ရုပ်ေချာချော ခန္ဓာကိုယ် ေတာင့်တောင့် ကြွက်သားရှစ်မြောင်းနဲ့ ပစ္စည်းကြီးကြီးရှိတဲ့ ယောက်ျားတွေဘဲ ကြိုက်တာ...ဟွန်း...
YOU ARE READING
ကမ္ဘာကူးပြောင်းပြီး ကောင်ချောလေးတွေကို အပိုင်သိမ်းမယ်
Romanceအပျော်တမ်း အပျင်းပြေ"+"onlyပါ #crd cover photo