Chapter-18

3.3K 140 12
                                    

တင်း....တောင်.....

တံခါးဘဲလ်နှိပ်ပြီးအပြင်မှာ ခဏရပ်စောင့်နေလိုက်သည်။

ဆယ်မိနစ်ကြာသည်အထိ ဘယ်သူမှလာမဖွင့်သေးပေ။ရုတ်တရက် ခယ့်လန်၏ လည်တိုင်ဘေးတွင် အသက်ရှုငွေ့နွေးနွေးက ရိုက်ခတ်လာပြီး တစ်ဆက်တည်း ဩရှရှနှင့် ရေခဲသမျှအေးစက်လှသော အသံတစ်သံထွက်ပေါ်လာသည်။

"တံခါးရှေ့မှာ ပိတ်မရပ်ထားနဲ့"

ထိုအသံကြောင့် အတွေးများနေသော ခယ့်လန်မှာ လန့်ကာ လက်က အော်တိုမစ်တစ် နောက်ကလူကို လက်ပြန်ရိုက်ချမိလိုက်သည်။ နဂိုအေးခဲနေသော လေထုထဲတွင် ရိုက်သံက‌ ကျယ်လောင်စွာ ထွက်ပေါ်လာသည်။

ဒေါသမျက်ဝန်းများနှင့် သူ့ကို ကြည့်နေသော လူကြောင့် ခယ့်လန်မှာ ရေခဲပြင်ထဲရပ်နေရသလို ခံစားလိုက်ရသည်။သူလည်းခပ်မြန်မြန်သတိဝင်လာကာ တောင်းပန်စကားဆိုရန်ပြင်လိုက်သည်။သို့သော်ထိုလူမှာ သူ့ကို တွန်းဖယ်ကာ သော့ဖွင့်၍ရှေ့က ဝင်သွားသည်။

ခယ့်လန်လည်း ဘာမှ စဉ်းစားမနေဘဲ ဗီလာထဲ သာ အရင်ရောက်အောင်ဝင်လိုက်သည်။သူ့ရှေ့က လူကတော့ အထဲရောက်ကတည်းက မတွေ့တော့ပေ။
မူလကိုယ်၏ မှတ်ညဏ်ကို သုံးကာ မီးဖိုချောင်ကို အရင်ရှာကာ ဝယ်လာသော ခေါက်ဆွဲများကို အရင်ထားလိုက်သည်။

*ရှောင်လီ ခဏကတစ်ယောက်က ...*

*အဖွဲ့ထဲမှာ အငယ်ဆုံးနဲ့ အအေးစက်ဆုံးသူဖြစ်တဲ့ ထန်ဟွေ့ရန်ပါ ဒီဇာတ်လိုက်က အန်းထောင်ဟွားကိုတောင် ချစ်ပေမယ့် သိပ်ဖော်ပြလေ့မရှိဘူး အလိုလိုက်ပေမယ့် သူမှမပြောရင်ချစ်နေတာတောင်သိမှာမဟုတ်ဘူး *

ခယ့်လန်လည်း ရှောင်လီနဲ့စကားပြောရင်း ကျန်သုံး‌‌ေယာက်ကို နိုးဖို့ရန် သွားလိုက်သည်။

ထို့နောက် ဒီနေ့ လုပ်စရာရှိတာတွေကို ဧည့်ခန်းထဲတွင် ပြန်စစ်ကာ အလုပ်များနေသည်။

"Morning ဖန်ကော ရောက်နေတာကြာပြီလားဟင် "

အသံချိုချိုလေးနဲ့အတူ နေရောင်ခြည်လေးလို တက်ကြွလန်းဆန်းနေသော ကောင်ငယ်လေးတစ်ယောက်က အပြုံးလှလှလေးဖြင့် နှုတ်ဆက်လာသည်။ဒီတစ်ယောက်က အန်းထောင်ဟွားပေါ့။ဇာတ်လမ်းထဲညွှန်းထားတာလည်းမလွန်ပါဘူး။တော်တော်လေးကို ချောတဲ့ကလေးပဲ။

ကမ္ဘာကူးပြောင်းပြီး ကောင်ချောလေးတွေကို အပိုင်သိမ်းမယ်Where stories live. Discover now