part 3 (uni/zawgyi)

3.6K 125 12
                                    

(uni)

****

"တက်ကားပေါ်"

"....."

Club ရှေ့ရောက်တော့ခွန်းဓနရှင် ဇင်ဒြားကို ကားပေါ်တက်ပြောသော်လည်းတောင့်တောင့်ကြီးရပ်နေသည်လေ အကြောကမသေးလူကောင်နဲ့မလိုက်အောင်ပင်

"ဇင်းဒြာ!မင်းမဆိုးစမ်းနဲ့"

မျက်နှာကိုရှစ်ခေါက်ချိုးဆယ်ခေါက်ချိုးနဲ့သူကြီးကားပေါ်ဇင်းဒြာမလိုက်ချင်ပါ ကြောက်လည်းကြောက်သလို အမြင်လည်းကပ်သည် ဒီကိစ္စမှာသူမမှားတာကိုအပစ်တင်သလို မျက်နှာဖြူကောင်ဘက်ကပါလိုက်သေးသည်မဟုတ်လား

"ကျတော်မလိုက်ဘူးကိုယ့်ပါ့သာကိုယ်ပြန်မယ်"

"တောက်! မင်းအရိုးတွေကျိုးကြေချင်နေပြီပေါ့....ဟား"

ပြွတ်စ် ပြွတ်စ်

"အွန့်"

ခေါင်းကိုအောက်ငုတ်ကာတောင့်တောင့်ကြီးကြီးရပ်နေသည့်ကလေးကို စိတ်မရှည်တော့ အစကတည်းကစိတ်ရှည်တက်သူမဟုတ်သည်ကြောင့် မေစေ့မှဆွဲမော့၍ အောက်နှုတ်ခမ်းကိုဘာမှစဉ်းစားမနေတော့ပဲငုံထွေးမိ၏ ဇင်းဒြာတကိုယ်လုံးကိုချုပ်၍ အသည်းအသန်နမ်းရှိုက်နေသူကို ဇင်းဒြာပခုံးကိုရိုက်ပြီလွှတ်ဖို့အချက်ပြ‌ပေမဲ့ မလွှတ်ပေး။ အင်အားမမျှတာကြောင့်ရုန်းသော်လည်းပိုတင်းကြပ်လာ၏

ပြွတ်စ် ပြွတ်စ်

အသံတွေပြိုပြိုပျက်ပျက်မြည်အောင်နမ်းနေမိ၏ ရင်ခွင်ထဲမှအချုပ်ခံထားရသည့်ဇင်းဒြာ ခွန်းဓနရှင်ပခုံးကိုအသည်းအသန် ထပ်ရိုက်မှလွှတ်ပေးမိသည် လွှတ်ပေးလိုက်မှနှိမ့်ချည် မြင့်ချည်ဖြစ်နေသည့်ရင်ဘက်လေးကိုဖိ၍ အမောဖြေနေသည့်ကောင်လေးကိုမျက်တောင်မခတ်ခွန်းဓနရှင်ကြည့်မိ၏ နမ်းထားသည်ကြောင့် နှုတ်ခမ်းနီနီလေးက စိုစွတ်စွတ် ခေါင်းလုံးလုံးလေးထက်က ဆံပင်‌ဖွာဖွာလေးကနဖူးထက်တဝဲလည်လည်ပင် မျက်နှာနုနုထက်မှ ပါးလေးကနီရဲနေလို့ပင် ခွန်းဓနရှင်ရင်ထဲက အကောင်ကခုန်ပေါက်လို့ ရှေ့ကကောင်လေးကတော့သိမည်မဟုတ်

"အဟမ်း....တက်ပြန်လိုက်ပို့ပေးမယ်"

ချောင်းတချက်ခွန်းဓနရှင်ဟန့်၍ပြန်ပို့ပေးမယ်ဆိုသည့် စကားနှင့်ပဲ အစပျိုးရတော့မည် လူသွားလူလာရှိပြီးသားဖြစ်တာကြောင့် နှစ်ယောက်ဘာလုပ်သလဲအကုန်ရှင်းလင်းစွာမြင်ရ၏ ကောင်းမလေးတစ်သိုက် သည်ကလပ်အပေါက်ဝမှာ မျက်နှာတွေက မချိတင်သာ ပျက်ယွင်း၍ ဇင်းဒြာဘာစကားမှပြန်မဟတော့ပဲ‌နောက်ခန်းတံခါးဖွင့်ကာဝင်သွား၏ တံခါးကိုလည်းဆောက်ပိတ်သွားသေးသည် ဒါသူတော်တော်စိတ်ဆိုးပြီဆိုတဲ့သဘော တခြားသူများကကြောက်ရသည့်သူကို သူပဲစိတ်ဆိုးရဲသည်လေ ဒါကိုပဲခွန်းဓနရှင်ကိုယ်တိုင်ဘာကိုမှစဉ်းစားမနေပဲအလျှော့ပေးမိသည်

Coffee  [bl]Where stories live. Discover now