part 4 (uni/zawgyi)

5.1K 136 3
                                        

****

ခွန်းဓနရှင် ဇင်းဒြာဆိုင် ၂ပတ်ကျော်မသွားဖြစ် online မှာလည်း club မှနမ်းနေသည့်ပုံတွေ ဂရက်ထလို့ page တွေမှာလည်း video တွေတင်လို့တင်နှင့် ဇင်းဒြာလည်းဒီကိစ္စကိုသိလောက်ပြီထင်ပါသည်။ ဒီကိစ္စကိုဒယ်ဒီသိပြီးမြင့်ပန်းခေတ်နှင့် အတင်းအကြပ်စေ့စပ်ခိုင်းတာကိုအတော်လေးငြင်းယူရသည် ပါတနာကောင်လေး သုံးယောက်ကို ဂရက်ထပြီးသုံးရက်လောက်နေမှ တင်ထားသည့်pageတွေအကုန် hake ချပစ်ဖို့ပြောလိုက်သည် တစ်ချိန်သက်ဆိုင်လာမှာကြောင့် အသိပေးလိုက်ပြီးမှ ဖြုတ်ချရသည့်ရည်ရွယ်ချက်ပင်

ဧည့်ခန်းဆိုဖာစ်တွင်ထိုင်၍ဆေးလိမ့်ကိုဖွာရှိုက်နေသောခွန်းဓရှင်ထံသို့ အရပ်ကအတော်အသင့်ရှည်၍ ယောင်္ကျားတိုင်းမြင်ရင်နှစ်ခါပြန်ကြည့်ရသည့် လှပကြော့ရှင်သောအမျိုးသမီးတစ်ယောက်က တည့်တည့်တန်းတန်းကိုလျှောက်လာသည် ထိုအမျိုးသမီးလက်တလုံးကြိုးကိုယ်ကြပ်အင်္ကျီကိုဝတ်ဆင်းထားသည် ထိုအမျိုးသမီးတစ်ဖက် ဆိုဖာစ် တွင်ဝင်ထိုင်သည်အထိ ခွန်းဓနရှင်လက်က ဆေးလိပ်ကို အေးအေးဆေးဆေးဖွာရှိုက်တုန်းမဟုတ်ပါလား

"မောင်"

"...."

"မောင်နဲ့အဲ့ဒီ video ထဲကကောင်လေးကဘာမှမပတ်သတ်ဘူးမလား ဒီတိုင်းကစားတဲ့သဘောပဲမလား"

"အင်း"

"ဒါဆိုပြီးရော ပန်းကယုံပါတယ်သေချာအောင်မေးတာ"

မြင့်ပန်းခေတ်ကပြောပြောဆိုဆိုနှင့်ခွန်းဓနရှင်ပေါင်ပေါ်တက်ထိုင်၍ လက်နှစ်ဖက်ကလည်တိုင်ကိုဖက်ကာ ခေါင်းကိုပခုံးထက်မှီတင်ထားသည် ခွန်းဓနရှင်အလိုမကျပေမဲ့မငြင်းမိ ပန်းဒေဒန် ဆိုသည့်အိမ်တော်မှတစ်ဦးတည်းသောသမီး မြင့်ပန်းခေတ် ဖြစ်၏ သူ့အဖေ ဦးကျော်တေ သည်ဒယ်ဒီနှင့်ငယ်ပေါင်းဖြစ်သလို လုပ်ဖော်ကိုင်ဖက်ဖြစ်သည်

"ပန်းတို့တစ်ခုခုသွားစားကြမလား"

"...."

"ပန်းမနက်ကတည်းကဘာမှမစားရသေးဘူး နော်မောင်"

"အင်း"

မြင့်ပန်းခေတ်စကားအများကြီးပြောမိပေမယ့်‌မောင့် ဘက်ကအင်းဆိုတဲ့ စကားသံပဲကြားရတယ် ဘာပဲဖြစ်ဖြစ်မောင် ကတနေ့ ပန်းအပိုင်ပဲ

Coffee  [bl]Where stories live. Discover now