part 6 (uni/zawgyi)

3.3K 102 6
                                    

****
ဒယ်ဒီနှင့်စကားပြောဖို့အိမ်တော်ကိုရောက်လာခြင်းပင် ထိုင်နေတာအနည်းငယ်ကြာပြီဖြစ်ပေမဲ့စကားမစရသေး နှစ်ယောက်သားကော်ဖီကိုစိတ်ပြေလက်ပြေသောက်ရင်းသာ ‌ခွန်းဓနရှင်၏ဒယ်ဒီ ဦးသတိုးသည်တဖက်ဆိုဖာစ်တွင်ခြေချိတ်ထိုင်လျက် လက်တစ်ဖက်ကကော်ဖီခွက်ကိုကိုင်၍ အေးအေးလူလူ ဒယ်ဒီ့ဘက်ကစကားစပြောပုံမပေါ်တာကြောင့်ကိုယ့်ဘက်ကစကားစရတော့မည်

"ဒယ်ဒီ"

"ပြော"

"သား အက္ခရာကိုရှင်းပြီးပြီ သူပိုင်တဲ့ငွေမဲ လုပ်ငန်းတွေအကုန် သူ့နယ်ပယ်ကဝန်ကြီးချုပ်ကိုအပ်လိုက်တယ် ငွေဖြူလုပ်ငန်း2ခုကိုတော့ကျတော်သိမ်းလိုက်ပြီ"

"ကောင်းတယ်....သူ့လူတွေဘယ်လိုဖြစ်ကုန်လည်း"

"သူ့မွေးစားညီကောင်လေးတစ်ယောက်ရှိတယ်အသက်က၁၇ရှိပြီနာမည်က ရတိ လို့ခေါ်တယ်အဲ့ကောင်လေးကိုသားလူတွေစခန်းမှာထား,ထားခိုင်းတယ်သူ့လက်အောက်တွေကတော့တခြားဂိုဏ်းတွေဘက်ပြောင်းကုန်တယ်ပြောတယ်"

"တဂိုဏ်းနဲ့တဂိုဏ်းအလွယ်တကူပြောင်းလို့ရတာမဟုတ်ဘူးကွ ပြောင်းသွားတာသေချာရင် အက္ခရာနဲ့ပူးပေါင်းပြီးသားဖြစ်တဲ့ဂိုဏ်းကပဲဖြစ်လိမ့်မယ်သတိထား"

ခွန်းဓနရှင် ဦးသတိုးပြောစကားကိုခေါင်းငြိမ့်လိုက်၏ ခွန်းဓနရှင်သိသည် တဂိုဏ်းနှင့်တဂိုဏ်းအလွယ်တကူပြောင်းလို့မရမှန်း အက္ခရာကောင်တွေကိုလက်ခံနိုင်မည့်သူတစ်ယောက်သာရှိသည် မသေချာသေးပေမဲ့ထိုသူဟုသာထင်သည်

"သား"

"ဟုတ်ကဲ့"

"မြင့်ပန်းခေတ်နဲ့စေ့စပ်ပွဲကိုဒယ်ဒီ ဒီလမှာလုပ်ချင်တယ်"

"...."

ခွန်းဓနရှင်ဘက်ကအသံတိတ်သွားရသည် အက္ခရာကိုရှင်းပြီးမှ‌တော့ ဒီကိစ္စကိုဒယ်ဒီတနေ့မဟုတ်နေ့ပြောလာမှာအတပ်သိသည် ပြတ်သားသေးလို့လည်းမဖြစ် ခွန်းဓနရှင်တစ်သက်ဒယ်ဒီကလိုအင်စန္ဒတွေအကုန်ဖြည်းတဲ့အပြင် အခုအရွယ်ထိဆူတန်ဆူ ဆုံးမတန်ဆုံးမ ခွန်းဓနရှင်ဖြစ်ချင်တာတွေကိုလမ်းကြောင်းခင်းပေးတက်သူ သူလိုချင်တဲ့မျိုးဆက် သူလက်ထပ်စေချင်တဲ့အမျိုးသမီး လက်မထက်ရင်လည်း ဒယ်ဒီ့အပေါ်ပုန်ကန်ရကျချေပြီ အသက်28ရှိနေပြီဖြစ်တာကြောင့်ဒယ်ဒီစိတ်ပူသည်လား ခွန်းဓနရှင်အသက်26ကျော်ကတည်းက ထိုအမျိုးသမီးနှင့်စေ့စပ်ဖို့ 2နှစ်ကျော်အတွင်းတတွတ်,တွတ်ပြောခဲ့သည်လေ မနှစ်သက်သောသူကိုလက်မထက်ချင်တာကြောင့် အကြောင်းပြချက်အမျိုးမျိုးနဲ့ရွေ့ထားရသည်။

Coffee  [bl]Where stories live. Discover now