part 8 (uni/zawgyi)

4.1K 120 6
                                        

****

ဇင်းဒြာ မနက်စောစောနိုးလာသည်။ ဆိုင်ဖွင့်တိုင်းစောစောထရတာမို့ ခုလည်းစောစောနိုးလာ၏ ။
ဇင်းဒြာ ထဖို့လုပ်သော်လည်း ရုန်းမရအောင် ခွန်းဓနရှင်က ခန္ဓာကိုယ်တစ်ခုလုံးစုံစုံမြုပ်အောင်။ ဖက်ထား၏။ ဇင်းဒြာရုန်းကြည့်ပေမဲ့မရ

လှုပ်စိလှုပ်စိနဲ့ ရင်ခွင်ထဲကကောင်လေးကြောင့်။ ခွန်းဓနရှင်နိုးနေပြီးသား။ အအိပ်ဆက်တာကိုဒီကလေးကမသိသေး ဒါကြောင့်ရုန်းချင်သလို ရုန်းနေတာ

"ဘယ်လို‌ဖြစ်နေလည်းဇင်းဒြာ။ အိပ်စမ်းပါအစောကြီးရှိသေးတယ်"

"သား ခေါင်းကိုက်လို့ အသက်ရှုလည်းကြပ်တာမနေနိုင်တော့ဘူး လွှတ်ပေးအုံး"

ခွန်းဓနရှင် ဇင်းဒြာ အပြောကြောင့်ခွာပေးလိုက်သည်။ ခွာပေးတော့ ချက်ချင်းကုတင်ပေါ်မှဆင်း၍ အခန်းပြင်ထွက်သွားသည်။

သူလည်းကုတင်မှထ၍ ရေမချိုးရသေးတာကြောင့် ရေအရင်ချိုးစေ၍။ အဝတ်လဲကာ အောက်ထက်ဆင်းခဲ့လိုက်သည်။ ‌ အောက်ရောက်တော့ ‌ Coffeeသောက်သီးသန့်အခန်း ကိုဦးတည်လိုက်၏
ရောက်တော့ ဇင်းဒြာကို မတွေ့ဖျော်ပေးနေကျcoffee လေးတော့ တင်ထားပေးသည်။

ဇင်းဒြာကို ခွန်းဓနရှင်။ အိမ်ထဲဝေ့ဝိုက်ပြီး လိုက်ရှာတော့မတွေ့။ သူ့အခန်းသွားကြည့်တော့လည်းမရှိ ခြံထဲ ခြံပြင်စောစောစီး နေရာစုံ သွားသည်။ ဇင်းဒြာအခန်းထဲ ပြန်သွားတော့ တတောက်တောက်ရေကျသံကို ရေချိုးခန်းမှကြားကာ။ ရေချိုးခန်းဘက်သွား၍ အလျင်အမြန်တံခါးဆွဲဖွင့်လိုက်သည်။

"အဲ့မှာဘာလုပ်နေတာလည်း ကလေး"

ရေချိုးခန်းကျယ်ကြီး၏ ထောင့်တွင်ဒူးနှစ်ချောင်းထောင်၍။ ခေါင်းမောက်နေသည်။ ခွန်းဓနရှင်အနားသွားကာ ဒူနှစ်ဖက်ခပ်ခွေခွေ ထိုင်ချ၍....

"ဘာဖြစ်လို့လည်း ကလေး"

"ဟင်း....သားခေါင်းကိုက်လို့"

"ဘယ်လိုဖြစ်တာလည်းနေမကောင်းဘူးလား"

ခွန်းဓနရှင်။ သူ့လက်နှင့်ဇင်းဒြာ ခေါင်းကိုအသာမ၍နဖူးကိုကျန်လက် တစ်ဖက်နဲ့စမ်းစေလိုက်သည်။ စမ်းကြည့်‌တော့ အဖျားပင်မရှိ။ ဇင်းဒြာကိုပွေ့ချီမယ်ပြင်တော့....

Coffee  [bl]Where stories live. Discover now