part 12 (uni/zawgyi)

3K 81 8
                                    

****

အိမ်ထဲစဝင်လာကတည်းက ရွံရှာနေသလိုအကြည့်ခံရသည်။ အဲ့တုန်းကနည်းနည်းသောက်ထားပြီး မူးနေတာကြောင့် အပြုအမှုကအ ရိုင်းဆန်သွားတာခဲ့ ဓန နဲ့နှစ်ယောက်စကား ပြောနေပေမယ့်ဟိုကောင် လေးကို ဘယ်လိုတောင်းပန် ရမလည်းတွေးမိ၏ ဓန ပြောလို့သူ့အကြောင်းတော့သိပြီးပြီ

"ဘာကိုကြည့်နေတာလည်း"

ခွန်းဓနရှင်မေးတော့ ရစ်တ် ကဖင်ကုတ်လိုက် ခေါင်းကုတ်လိုက်နှင့်လုပ်ပြီးမှ.....

"ဇင်းဒြာ‌နော် အဲ့ကောင်လေးနာမည်က"

"အင်း"

"တောင်းပန်ပေးဦးကွာ ငါမျက်နှာပူလို့"

"မင်းလုပ်တာ ငါလုပ်တာမဟုတ်ဘူး တောင်းပန်ရင်မင်းကိုယ်တိုင်တောင်းပန်ရမှာပေါ့ဟ"

"တိုးတိုးပြောပါဟ -ီး"

ရစ်တ် နဲ့ ခွန်းဓနရှင်သည်။သူငယ်ချင်းအရင်းကြီးများဖြစ်၏ ရစ်တ်က အင်္ဂလိပ် မြန်မာ ကပြား အဖေက us ကဖြစ်ပြီး အမေကမြန်မာဖြစ်သည်။ သူ့အဖေနဲ့ အမေက us မှာနေကြ ပေမယ့် သူ့ကိုမြန်မာပြည်တွင် သူ့အမေရဲ့ လုပ်ငန်းစုတစ်ခုကို အဖေ ဖြစ်သူက တာဝန်ပေးထားခြင်း အသက်26လည်းရှိပြီး ပေါ့ပေါ့တန်တန် ဖြစ်နေ၍ အဖေက ကြပ်မတ်ပြီး မြန်မာပြည်ပို့လိုက်တာ ဒီကောင်က မြန်မာစကားနဲ့ English စကားကိုတော့ ပိုင်ပိုင်နိုင်နိုင်ရပြီးသား ငယ်စဉ်ကတည်းက မြန်မာစကားရော English စကားပါ ညီတူညီမျှ ပြောစေခဲ့၍ ‌‌အမေက သင်ပေးခဲ့သည်။ အရပ်က 6ပေအတိ ။ အသားအရေကာ ဖြူစွတ်ပြီး ဆံပင်ကလည်းအဖြူရောင် အမေနဲ့မတူပဲ အဖေနှင့်တူတာများ၏ အမေနှင့်တူတာဆိုလို့ မြန်မာစကားပြောတက်တာ တစ်ခုပင်။ ခွန်းဓနရှင် us တွင် သေနတ်ပစ်ခတ်ကြွမ်းကျင်ရေး နှင့်  ကိုယ်ခံပညာ သင်တန်းတက်တုန်းက ရစ်တ်နှင့်အတူ ပါတနာ အနေနှင့် တွဲလုပ်ခဲ့ရ၍ ရင်းနှီးသွားတာ ရစ်တ်ကို ခွန်းဓနရှင် အထင်သေးခဲ့ပေမယ့် ရစ်တ်ရဲ့အားကလည်းမပေါ့ပေ သူတို့တွေ့ခဲ့တုန်းကခွန်းဓနရှင်အသက်16သာရှိသေးသည်။ နောက်ပိုင်း နှစ်ယောက်သား အချင်းချင်းရင်းနှီး၍ နှစ်တွေအများကြီးခင်မင်ရင်းနှီးခဲ့ကြသည် ပြောမနာဆိုမနာ သူငယ်ချင်းနှစ်ယောက်ဖြစ်ခဲ့ပြီး တစ်ယောက်အကူအညီလိုလျှင်တစ်ယောက်ပေးကြသည်။

Coffee  [bl]Where stories live. Discover now