Warning- 18+အနည်းငယ်ပါ၍အဆင်ပြေမှဖတ်ပါရန်။
****
ဇင်းဒြာ တစ်နေ့ကတည်းက ထမင်းမစားပဲ ငြိမ်နေတာ၊ ခွန်းဓနရှင်လည်း အလုပ်မအား၍ ကိုယ်တိုင်သွားမကြည့်ဖြစ် ၊ ရတိ နဲ့သာလွှတ်ထားရသည်။
ခွန်းဓနရှင်တွင် bar တစ်ခုရှိတာမို့၊ အဲ့ကိုဒီရက်ပိုင်းသွားနေရသည်။ မန်နေဂျာ ကလည်းပြော၏ သခင်လေးမလာ တာကြာပြီမို့ အကုန်လုံးကမျှော်နေကြပြီဟူ၍ bar ကခွန်းဓနရှင်လာမှပိုပို၍ လူစီကားသည်။ ဦးဗိုလ်ဟိန်း ရဲ့အခြေအနေကိုလည်းကြည့်ရသေး၏ တစ်ယောက်နဲ့တစ်ယောက် အငြိုးရှိပြီးသားမို့ ဦးဗိုလ်ဟိန်း ရုတ်တရက်တိုက်ခိုက်လာရင် အဆင်သင့်ဖြစ်အောင်လုပ်စရာရှိတာတွေလုပ်ရသေး။ သမတ္တကြီး Var ရဲ့သားထုတ်ဖော်ပွဲကိုလည်း သွားရအုံးမည်။
ခွန်းဓနရှင် bar ကိုယနေ့ညလည်း ထက်၍သွားရမည်။ ဒါကြောင့် အလုပ်ခန်းထဲမှထွက်၍ သူ့အခန်းသို့သွားလိုက်ပြီး ရေချိုး အဝတ်စားလဲကာ ထွက်ခဲ့၏ ကရဇ် နှင့် ပညာ ကအမြဲတစေ barသွားတိုင်းပါပြီးသား
အောက်ရောက်တော့ ကောင်လေးက ရတိနှင့် ဆိုဖာစ်တွေထိုင်စကား ပြောနေတာမြင်ရသည် ကရဇ်တို့ကတော့အပြင်မှာ
"ဇင်းဒြာ"
ဇင်းဒြာက ကိုယ်လေးတစ်ချက်တုန်သွား၍လှည့်ကြည့်၏ မဟုတ်တာလုပ်ထားတဲ့ဒီဇိုင်း
"ဟင်....ဗျာ"
"ကိုယ်အလုပ်ရှိလို့ အပြင်သွားမယ် တစ်ခုခုလည်းစားထားဦး"
"ဪ ဟုတ်"
သူအပြင်သွားမှာကို ဘာလို့လာပြောနေမှန်းမသိ ရည်းစားမဟုတ်တော့တာကြောင့် ဒီလိုပြုမှုပြီးတစ်ခုခုဆိုအသိပေး နေတာက စိတ်ထဲ မအီမသာဖြစ်ရ၏ ခုလည်းအသိ ပေးပြီးဦးဓနက ချက်ချင်းထွက်သွားသည်။
"ကိုကြီးဇင်း....ဟင့်"
"စိတ်မကောင်းမဖြစ်ပါနဲ့အကိုကနှစ်တွေအကြာကြီးနေရအုံးမှာပါ ဆေးကိုမှန်အောင်သောက်ရင်သောက်သလိုပေါ့ မဟုတ်ရင်လည်းခွဲစိတ်လို့ရတယ်လေ စိတ်မကောင်းပါဖြစ်ပါနဲ့ကွာ"
"ဒါပေမဲ့ ကျွန်တော်သိပါတယ် ကိုကြီးဇင်း....လိမ်နေတာ"
ရတိက ကိုယ့်ရောဂါကို သိရတော့ ရှိုက်ပြီးငိုရှာ၏ အမှန်တိုင်းပြောရရင် ရတိရှေ့မှာမို့သာမျက်ရည်မကျအောင်အားတင်းထားရခြင်း ငိုလို့လည်းမရ ငိုရင်ခေါင်းကကိုက်အုံးမည် ကျန်တဲ့ဒဏ်တွေတော့ခံနိုင်ပေမဲ့ ခေါင်းမူး ခေါင်းကိုက် အရမ်းဖြစ်တာကိုမခံနိုင်

YOU ARE READING
Coffee [bl]
Fanfiction(ဓနသိဒ္ဓ) အိမ်တော်ရဲ့ အမွေဆက်ခံသူ ခွန်းဓနရှင်သည်coffeeဆိုင်ကကောင်လေးကိုချစ်မိသွားသော်အခါ "ကိုယ့်ကိုခုတော့ မချစ်တော့ဘူးပေါ့ ဟုတ်လားဇင်းဒြာ" အချိန်ခနလေးအတွင်းတစ်ယောက်နဲ့တစ်ယောက် နှစ်နှစ်ခါခါ ချစ်မိသွားခဲ့တဲ့ficမျိုးပါ ❗တခြားသာသာနှင့်တူသွားခဲ့သည်ရှိ...