(uni)
****
ခွန်းဓနရှင်သည်ချက်ချင်းပင် ဖြေရှင်းရမည့်အလုပ်ပေါ်လာတာကြောင့်ကော်ဖီဆိုင်ထိုင်ကာအလုပ်လုပ်ရင်းသုံးနာရီ နည်းပါးပင်ကြာသွားရ၏ စားပွဲတစ်ဝိုင်းတွင်ခေါင်းလေးမောက်ကာ အိပ်နေသောကောင်ငယ်လေးကိုနိုးရတော့မည် မပြီးပြတ်သေးသောအလုပ်ကို အိမ်ပြန်ရောက်မှ ကရဇ်နှင့်သိန်းပညာနှင့်အတူဆက်လုပ်ရမည်ဖြစ်သည်
ဇင်းဒြာသည်အအိပ်မက်သူပီပီသူ့အနားခွန်းဓနရှင်လာကာ လက်မောင်းမှကိုင်၍လှုပ်နိုးသော်လည်းမနိုးပေ ကော်ဖီဖိုးလည်းပေးရအုံးမည် မနိုးပဲဒီတိုင်းထားခဲ့လျှင်လည်းတစ်ခုခုမဖြစ်နိုင်ဘူးဟုကြိမ်းသေမပြောနိုင် ။
"ဇင်းဒြာ! မင်းထစမ်း သူများလာသတ်ရင်အရင်သေမဲ့ ကောင်လေးပဲ"
တစ်ယောက်ထဲအလိုမကျဆူငှောက်နေသော်လည်းအိပ်ပျော်နေသူကမနိုး နောက်ဆုံးအကြမ်းနည်းသုံးရတော့မည်။ ခွန်းဓနရှင် ဇင်းဒြာ၏လည်တိုင်နောက်ကိုသူ့လက်တစ်ဖက်နှင့်ကိုင်ပြီး ကျန်လက်တစ်ဖက်ကိုဇင်းဒြာနဖူးကိုအသာထိန်းကိုင်၍ ဆွဲမလိုက်၏ ဒါမှခေါင်းထောင်လာသည့်ကောင်လေးက နှုတ်ခမ်းကိုဆူထွက်ကာ သူ့လက်သေးသေးနှင့်မျက်လုံးနှစ်ဖက်ကိုပွတ်သပ်နေ၏ သူ့မျက်လုံးသူအားရပါးရပွတ်လို့ဝမှလူကိုမော့ကြည့်လာ၍
"ဦးဓန....ဟင်း....အင်း"
ခွန်းဓနရှင် နာမည်ကိုခေါ်၍လက်လေးနှစ်ဖက်အပေါ်မြောက် ပျင်းကြောဆန့်နေသည့်ကောင်လေးအားမတ်တပ်ရပ်လိုက်ပိုက်ရင်းသာ စိုက်ကြည့်လိုက်သည်။ ဇင်းဒြာမျက်လုံးပွတ်လိုက် ပျင်းကြောဆန့်လိုက် လုပ်တာကိုစောင့်ပေးရတာ ခွန်းဓနရှင်စိတ်ရှည်နေတာတော့မဟုတ် အလုပ်ကရှိသေးသည် ။
"သား မျက်နှာတစ်ခုခုပေနေလို့လား"
သူ့မျက်နှာကိုသူလက်ညိုးပြန်ထိုးပြကာပြောနေသည့်ကောင်လေး ခွန်းဓနစိတ်ရှိတိုင်းသာလုပ်လျှင်အရိုးတွေကျိုးကြေကုန်တော့မည်
"ရော့ ကော်ဖီဖိုး"
"ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်ဗျ"
ကော်ဖီဖိုးကိုလက်လှမ်းပေးတော့ တစ်ဖက်မှထိုင်နေသည့်ကောင်လေးကထကာ ရိုရိုသေသေလေးလုပ်၍ယူ၏ ကျေးဇူးတင်ကြောင်း ကိုတော့ဒီကလေး ဆိုင်တွင်ကော်ဖီလာသောက်သည့် ကပ်စတန်မာ အားပြောဖို့မမေ့
YOU ARE READING
Coffee [bl]
Fanfic(ဓနသိဒ္ဓ) အိမ်တော်ရဲ့ အမွေဆက်ခံသူ ခွန်းဓနရှင်သည်coffeeဆိုင်ကကောင်လေးကိုချစ်မိသွားသော်အခါ "ကိုယ့်ကိုခုတော့ မချစ်တော့ဘူးပေါ့ ဟုတ်လားဇင်းဒြာ" အချိန်ခနလေးအတွင်းတစ်ယောက်နဲ့တစ်ယောက် နှစ်နှစ်ခါခါ ချစ်မိသွားခဲ့တဲ့ficမျိုးပါ ❗တခြားသာသာနှင့်တူသွားခဲ့သည်ရှိ...