****
"ဦးလေးကျတော်ပါ့သာအေးဆေးပဲနေပါ့ရစေ"
"ဇင်းဒြာ!ငါကမင်းကိုတခြားသူတွေလိုပစ်မထားဘူးမင်းပြန်လိုက်ခဲ့"
"မလိုက်ဘူး ကျတော်ခြေထောက်ပေါ်ကျတော်ရပ်တည်နိုင်နေပြီ"
ဦးဝေမင်းယံလေပူတချက်မှုတ်ထုတ်လိုက်ရပြီ အသက် ဆယ်ကိုး ပဲရှိသေးတာကိုဘာကိုလူကြီးလုပ်ချင်နေမှန်းမသိတဲ့ ဒီကလေး အဆက်အသွယ်ဖြတ်သွားတာလည်းကြာပြီ သေသလားရှင်သလားမသိရ ခုလမ်းခုလတ်မှာပြန်တွေ့လို့ အိမ်ကိုပြန်ခေါ်တာမလိုက်
"မင်းမတောက်တခေါက်အလုပ်လေးနဲ့ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နိုင်ပြီဆိုပြီးကျားလိုဂုဏ်ဝင့်ပြနေတာလား....မင်းကိုကြည့်မရတဲ့ကောင် ကဖြုတ်ချလိုက်ရင်ခွေးပြန်ဖြစ်သွားမယ်"
"ကျတော့်ကော်ဖီဆိုင်ဖွင့်ထားတာရိုးရိုးရှင်းရှင်းပဲကျတော်အေးအေးချမ်းချမ်းပဲနေချင်တယ်....ဦးလေးတို့ရဲ့ပူလောင်နေတဲ့အသိုင်းအဝိုင်းထဲလည်းပြန်မဝင်ချင်ဘူး"
"ဟူးး"
ဦးဝေမင်းယံတူဖြစ်သူကြောင့်သက်ပြင်းခနခနချမိသလိုလေပူလည်းခနခနမှုတ်ထုတ်မိ ဒီကလေးကဘယ်လိုမှပြောလို့ရတော့မှာမဟုတ်မှန်းသဘောပေါက်လိုက်ပါ၏
"ဟုတ်ပြီမလိုက်ချင်ရင်မလိုက်နဲ့ တကယ်လို့ဦးရှီကအကူအညီလိုတာရှိရင်ပြော"
"ကျေးဇူးပဲဦးလေး....ကျတော်ဘယ်သူ့အကူအညီမှမလိုဘူး....ကျတော်ကိုခွင့်ပြုပါအုံး"
**********
"စုံစမ်းရသလောက်ဇင်းဒြာဆိုတဲ့ကောင်လေး က အခုHotel တစ်ခုမှာတည်းနေပါတယ်သူသွားတဲ့နေရာ တွေcctvမှတ်တမ်းတွေအကုန်ရထားပါတယ်"
ခွန်းဓနရှင်မျက်ခုံးတွေကိုထိလုနည်းပါးစုကြုံထားပြီးဆေးလိပ်ကိုတစ်ချက်ချင်းဖွာကာ သိန်းပညာပြောသမျှကိုနားထောင်နေ၏ ဇင်းဒြာထွက်ပြေးသွားတာသိရတာနဲ့ဆေးလိပ်တွေပိုသောက်လာသည်လေ
"ဒါပဲလား"
စုံလည်ထိုင်ခုံတွင်ထိုင်ကာ သိန်းပညာကို ကျောပေးလျက် အသံခပ်ဩဩက အေးစက်စက်နှင့်ထွက်လာတာကြောင့် သိန်းပညာကျောရိုးတလျှောက်စိမ့်သွားရ၏ ပုံမှန်ဆိုအရမ်းရှိန်နေစရာမလိုပေမဲ့ ခုရက်ပိုင်းကိုဓနက ဒေါသထွက်လွယ် အကြည့်တွေကမှင်သေသေ မထင်ရင်မထင်သလို တစ်ယောက်ယောက်ကိုရိုက်ချင်တယ်ဆိုပြီး လူတစ်ယောက်လောက်ကိုပိုက်ဆံပေးခေါ်ပြီး မသေယုံတမယ်ထိုးကြိတ်သေး၏ ဇင်းဒြာကဘယ်သူမှန်းမသိပေမယ့်ဒီကောင်လေးနှင့်ပတ်သတ်နေတယ်လို့ထင်တယ်

YOU ARE READING
Coffee [bl]
Fanfiction(ဓနသိဒ္ဓ) အိမ်တော်ရဲ့ အမွေဆက်ခံသူ ခွန်းဓနရှင်သည်coffeeဆိုင်ကကောင်လေးကိုချစ်မိသွားသော်အခါ "ကိုယ့်ကိုခုတော့ မချစ်တော့ဘူးပေါ့ ဟုတ်လားဇင်းဒြာ" အချိန်ခနလေးအတွင်းတစ်ယောက်နဲ့တစ်ယောက် နှစ်နှစ်ခါခါ ချစ်မိသွားခဲ့တဲ့ficမျိုးပါ ❗တခြားသာသာနှင့်တူသွားခဲ့သည်ရှိ...