part 15 (uni / Zawgyi )

4.3K 82 6
                                        

******

ခုက သဲသောင်ပြင် ပေါ်ရောက်နေပြီဖြစ်ကာ ထိုနေရာလေးက ကန္တာရ အသေးစား လေးလို့လည်း ပြောလို့ရပါ၏ ကန္တာရအသေးစား လေးဟာ ကမ်းရိုးတန်း ၁၀မိုင်ပတ်လည်ရှိပြီး၁မိုင်ခွဲ အကျယ်ဝန်းရှိတာဖြစ်သည်

ခုက အမြင့်ပေ ၁၆၄ပေ ရှိတဲ့ သဲကုန်းကြီးပေါ်ခြေကျင်လျှောက်နေတာ ဖြစ်၏ ထိုအပေါ် ကနေ ရှုမျှော်ခင်း တို့ကို ကောင်းကောင်း ခံစားရမည်။တခြားသော ခရီးသည်တွေကလည်း ထိုအပေါ်ကို နည်းတူ တက်နေကြတာ ဖြစ်သည်။ တော့တိုရိက သဲကန္တာရလေးက လူသိနည်းသေး၍ လူအများကြီးရှိခြင်းလည်း မဟုတ် လူမများခြင်းကသာ ပိုကောင်းပါသည်။

ဇင်းဒြာက volgging camera လေးကိုင်ထားတာဖြစ်ပြီး T-shirt အဖြူပေါ်မှာ jacket အညိုရောင်လေးကို ထပ်ထားတာဖြစ်၏ ဘောင်ဘီကိုတော့ cargo pants အမဲလေးနှင့် သူ့နောက်ကျော်မှာ လည်း သူ့ရဲ ပန်ဒါ လွယ်အိပ်လေးကို လွယ်‌ထားသေး လျှာထုတ် ဦးထုတ် အဖြူလေးက နုနုနယ်နယ် ပန်းရောင်သန်းနေတဲ့ မျက်နှာလေးနဲ့ ပနံ့သင့်စွာပင် ဒီရက်ပိုင်း အရပ်နည်းနည်း ထွက်လာတဲ့ ကောင်လေးက ခွန်းဓနရှင် အရပ်ကိုတော့ မမှီနိုင်

"愛の水 (အိုက်နော့မီဇစ်)"

ကောင်လေးခေါ်သံကြောင့် ခွန်းဓနရှင် မှင်သက်ပြီးနောက်လှည့်ကြည့်မည့်၏ ဂျပန်လို အချစ်ရေ လို့ ခေါ်ပြီး camera ကိုကိုင်ကာပြေး လိုက်လာတာ ဖြစ်သည်။ ‌သူ့ပြေးလာတော့ သူ့အနောက်က ခွန်းဓနရှင် လူတွေကပါ အပြေးတစ်ပိုင်းလိုက်ပြေးလိုက်ကြရသည် ခွန်းဓနရှင်က သဲကုန်းပေါ် အရင်ရောက်အောင် သွားမည်ဟူ၍ ‌သူ့ခြေလှမ်းကြဲကြီးဖြင့် လမ်းလျှောက်နေတာပင်

"ဗျာ....ဗျာ ဖြေးဖြေးလာ ဖြေးဖြေးလာ"

သူအနားရောက်လာတော့ camera ကို နှစ်ယောက်ရှေ့ သူ့လက်တစ်ဖက်တည်း ကိုင်ထားပြီး video ရိုက်ကာ ပါး‌ကိုခြေဖျားထောက်ပြီး ဖြတ်ခနဲ နမ်းသွား၏ ဒါတောင် ခါးအနည်းအငယ်ကိုင်း‌၍ ငုတ်ပေးလိုက်ရသေး

ဇင်းဒြာက သူ့ကိုနမ်းပြီး မမောနိုင် မပန်းနိုင် ပြေးကာ သူ့ရှေ့ ကျော်တက်သွား၏။ ‌ဇင်းဒြာ ပြေးသွားတာကို နောက်ကနေ ‌ပြုံးပြုံးကြီး ကြည့်နေတဲ့ ခွန်းဓနရှင်ကိုသူ့လူတွေ အတောင့်လိုက်ရပ် ငေးမိ။ခွန်းဓနရှင် သူ့ကိုတွေကြည့်တော့ သူ့ကိုစိုက်ကြည့်နေကြတာဖြစ်သည်

Coffee  [bl]Where stories live. Discover now